နေပြည်တော် ၅ ဇွန် 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူသည် ယနေ့ မွန်းလွဲ ၂ နာရီက မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်ကြီး Mr.KristianSchmid နှင့်အဖွဲ့အား ပြည်ထောင်စုဝန်ကြီး ဧည့်ခန်းမ၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာ (ADS)လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရာတွင် EU မှ ပူးပေါင်းဆောင်ရွက်မှု ဝန်ကြီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လယ်ယာကဏ္ဍ၊ ကျေးလက်ဒေသကဏ္ဍ၊ အာဟာရကဏ္ဍများ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် EU ဘက်မှ ကူညီဆောင်ရွက်ပေးသွားမည့် လုပ်ငန်းများ၊ ကျေးလက်နေပြည်သူများ၏ ဝင်ငွေတိုးမြင့်ရေး၊ အာဟာရပြည့်ဝပြီး ဘေးကင်းလုံခြုံစိတ်ချရသည့် အစားအစာများ ဖြစ်စေရေး ဆောင်ရွက်နေမှု၊ ကဏ္ဍပေါင်းစုံ ပါဝင်သော အမျိုးသားအာဟာရဆိုင်ရာ စီမံကိန်း၏ အာဟာရပိုင်းဆိုင်ရာ လုပ်ငန်းစဉ်များကို လွယ်ကူချောမွေ့စွာ အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် စီမံကိန်းအစီအစဉ်များ ရေးဆွဲခြင်း၊ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ခြင်း၊ ထိရောက်သော စီမံခန့်ခွဲမှု၊ လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရေး၊ တာဝန်ခံနိုင်မှု၊ ပွင့်လင်းမြင်သာမှုတို့တွင် ထိရောက်သော ပူးပေါင်းမှုများဆောင်ရွက်ရန် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 

သတင်းစဉ်