နေပြည်တော် ဩဂုတ် ၂၉
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဒေါက်တာစိုးဝင်း သည် အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာရေးအဖွဲ့(IOM)၏ မြန်မာနိုင်ငံဆိုင်ရာအကြီးအကဲ Mr. Dragan Aleksoski ဦးဆောင်သော အဖွဲ့အား ယနေ့နံနက်(၁၀)နာရီတွင် အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများအကြား ရွှေ့ပြောင်းအလုပ်သမားကိစ္စများ နှင့် လူကုန်ကူးခံရသူများအား အကူအညီပေးရေးကိစ္စများ၊ IOM နှင့် ဝန်ကြီးဌာနအကြား လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး၊ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနှင့် လူကုန်ကူးခံရသူများ ရပ်ရွာအတွင်းပြန်လည်ဝင်ဆံ့ရေးဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မှု အခြေအနေ၊ ဝန်ကြီးဌာနနှင့် IOM အကြား နားလည်မှုစာချွန်လွှာ(MoU) လက်မှတ်ရေးထိုးနိုင်ရေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး(UNOCHA)၏ ညှိနှိုင်းပေါင်းစပ်မှုဖြင့် နိုင်ငံတော်အစိုးရနှင့်ပူးပေါင်း၍ ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများမှ ရခိုင်ပြည်နယ်ရှိ မိုခါ မုန်တိုင်းသင့်သူများအတွက် လူသားချင်းစာနာ မှုဆိုင်ရာပစ္စည်းများ ထောက်ပံ့ရေးအစီအစဉ်တွင် IOM မှ ပူးပေါင်းပါဝင်မှုများနှင့် IOM အဖွဲ့မှ နိုင်ငံခြားသားဝန်ထမ်းများ၏ ပြည်ဝင်ဗီဇာ ထောက်ခံချက်ပေးနိုင်ရေး ကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးစိုးကြည်၊ အမြဲတမ်းအတွင်းဝန်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
သတင်းစဉ်