နေပြည်တော် နိုဝင်ဘာ ၂၈

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် Ms. Noriko Takagi ဦးဆောင်သော အဖွဲ့ကို ယနေ့နံနက်ပိုင်း နာရီတွင် အဆိုပါဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

 

တွေ့ဆုံစဉ် ဝန်ကြီးဌာနနှင့် UNHCR တို့အကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးနိုင်ရေးနှင့် စပ်လျဉ်း၍ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုများ၊ UNHCR ၏ နိုင်ငံခြားသားဝန်ထမ်းများ ပြည်တွင်းနေထိုင်ခွင့်၊ ပြည်ဝင်ခွင့်ဗီဇာနှင့် ပြည်တွင်းခရီးသွားလာခွင့်များအတွက် ဝန်ကြီးဌာနမှ ညှိနှိုင်းဆောင်ရွက်ပေးနေမှုများ၊ UNHCR မှ ရေဘေးသင့်ဒေသများတွင် လူသားချင်းစာနာမှုအကူအညီများ ပေးအပ်ခဲ့သည့်ကိစ္စများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်