ဘားအံ ဩဂုတ် ၁၀
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း သည် အရှေ့တောင်တိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူး၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် လှိုင်းဘွဲမြို့နှင့်ဘားအံ မြို့ပေါ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းများသို့ သွားရောက်၍ ရေဘေးသင့် ပြည်သူများကို တွေ့ဆုံအားပေးစကားပြောကြားပြီး ဆန်ရိက္ခာဖိုးငွေနှင့်ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လှိုင်းဘွဲမြို့နယ်အတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေသည့် လှိုင်းဘွဲမြို့ပေါ် (ဃ) ရပ်ကွက်၊ အနိမ့်ပိုင်းနေရာများတွင် လူနေအိမ် များအတွင်း ရေများဝင်ရောက်နေမှု၊ သက်ဆိုင်ရာတာဝန်ရှိသူများမှ ဘေးလွတ်ရာ ကယ်ဆယ် ရေးစခန်းများသို့ ပြောင်းရွေ့နေရာချထားပေးမှုများကို လှည့်လည်ကြည့်ရှုကာ လိုအပ် သည်များ မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လှိုင်းဘွဲမြို့နယ်၊ ကမော့ကချူးကျေးရွာ၊ Cyclone Shelter ရေဘေးကယ်ဆယ်ရေးစခန်းတွင် ယာယီပြောင်းရွေ့နေထိုင်လျက်ရှိသော ရေဘေးသင့်ပြည်သူများအား တွေ့ဆုံ၍ အိမ်ထောင်စု ၆၅ စု၊ လူဦးရေ ၂၃၇ ဦးအတွက် ဆန်ရိက္ခာဖိုးငွေကျပ် ၁၉၉၀၈၀၀ နှင့် စားသောက်ကုန် ပစ္စည်းများ ထောက်ပံ့ပေးအပ်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လှိုင်းဘွဲမြို့၊ အောင်ဆန်းခန်းမ ရေဘေးကယ်ဆယ်ရေးစခန်းတွင် ယာယီပြောင်းရွေ့နေထိုင်ကြသော ရေဘေးသင့်ပြည် သူများအား တွေ့ဆုံအားပေးပြီး အိမ်ထောင်စု ၃၂ စု၊ လူဦးရေ ၁၃၈ ဦးအတွက် ဆန်ရိက္ခာဖိုး ငွေကျပ် ၁၁၅၉၂၀၀ နှင့် ငွေကျပ် ၁၇၉၄၀၀ တန်ဖိုးရှိ စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ ပေးအပ်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဘားအံမြို့၊ အမှတ်(၉)ရပ်ကွက်၊ ပြည်နယ်ကမ္မဋ္ဌာန်းကျောင်း ရေဘေးကယ်ဆယ်ရေးစခန်းတွင် ယာယီပြောင်းရွေ့နေထိုင်သော ရေဘေးသင့်အိမ်ထောင်စု ၅၆ စု၊ လူဦးရေ ၂၃၀ ၊ ဘားအံမြို့၊ အမှတ်(၁)ရပ်ကွက်၊ ခါဒေမွလ်အစ္စလာမ်ပရဟိတစာသင်ကျောင်း ရေဘေးကယ်ဆယ်ရေးစခန်းတွင် ယာယီပြောင်း ရွေ့နေထိုင်သော အိမ်ထောင်စု ၈၁ စု၊ လူဦးရေ ၃၇၆ ဦး၊ ဘားအံမြို့၊ အမှတ်(၁) အခြေခံပညာအထက် တန်းကျောင်း၊ မြရွှေဝါခန်းမရေဘေးကယ်ဆယ်ရေးစခန်းရှိ ရေဘေး သင့်အိမ်ထောင်စု ၇၈ စု၊ လူဦးရေ ၃၆၄ ဦး၊ ဘားအံမြို့ သုမေဓါရာမကြားတောရကျောင်း ရေဘေးကယ်ဆယ်ရေးစခန်းတွင် ယာယီပြောင်းရွေ့နေထိုင်သော ရေဘေးသင့်အိမ်ထောင်စု ၃၂ စု၊ လူဦးရေ ၁၃၇ ဦး၊ ဘားအံမြို့၊ အမှတ်(၁၁)အခြေခံပညာမူလတန်းကျောင်း ရေဘေး ကယ်ဆယ်ရေးစခန်းတွင် ယာယီပြောင်းရွေ့နေထိုင်သော အိမ်ထောင်စု ၁၆ စု၊ လူဦးရေ ၈၇ ဦးတို့အား တွေ့ဆုံ၍ အားပေးစကားပြောကြားပြီး ဆန်ရိက္ခာဖိုးငွေနှင့် စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်သည်။
ပြည်ထောင်စုဝန်ကြီးသည် လှိုင်းဘွဲမြို့နယ်အတွင်းရှိ ရေဘေးကယ်ဆယ်ရေးစခန်း ၁၀ ခုတွင် ယာယီပြောင်း ရွေ့နေထိုင်သော ရေဘေးသင့်အိမ်ထောင်စု ၉၉၀ ၊ လူဦးရေ ၄၇၂၃ ဦးအတွက် ဆန်ရိက္ခာဖိုးငွေကျပ် ၃၉၆၇၃၂၀၀ နှင့် ခေါက်ဆွဲခြောက်၊ကြက်ဥအစရှိသော စားသောက်ကုန်ပစ္စည်းများ၊ ဘားအံမြို့ပေါ်ရှိ ရေဘေးကယ်ဆယ်စခန်း ၉ ခုမှ အိမ်ထောင်စု ၇၀၄ စု၊ လူဦးရေ ၃၄၇၀ အတွက် ဆန်ရိက္ခာဖိုးငွေကျပ် ၃၁၂၃၀၀၀၀ နှင့် ခေါက်ဆွဲခြောက် နှင့်ကြက်ဥ များ၊ ကျုံဒိုးမြို့ရှိ ရေဘေးကယ်ဆယ်ရေးစခန်း ၃ ခုမှ အိမ်ထောင် စု ၁၇၂ စု၊ လူဦးရေ ၇၅၂ ဦးအတွက် ဆန်ရိက္ခာဖိုးငွေကျပ် ၆၇၆၈၀၀၀ နှင့် ခေါက်ဆွဲခြောက်နှင့် ကြက်ဥ များကို ထောက်ပံ့ပေးအပ်ခဲ့သည်။
သတင်းစဉ်


