နေပြည်တော် ဧပြီ  ၂၆

 

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေးနှင့်အတူ မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ်ရှိ အမှတ်()အထည်စက်ရုံ(မြစ်သား) ကျောက်ဆည်မြို့နယ်ရှိ ဆေးဝါးစက်ရုံ(အင်ရောင်း)တို့သို့ ရောက်ရှိပြီး စက်ရုံ ပြန်လည် လည်ပတ်နိုင်ရေးအတွက် ဆောင်ရွက်နေမှုနှင့်  ပြုပြင်ပြင်ဆင်မှုလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေ အနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

 

ထိုသို့ကြည့်ရှုစဉ် ပြည်ထောင်စုဝန်ကြီးက ထိခိုက်ပျက်စီးမှုများနှင့်ပတ်သက်၍ စိစစ်အကဲဖြတ်၍ ပြုစုမှတ်တမ်း တင်ခြင်းများဆောင်ရွက်ပြီး ဖွဲ့စည်းထားရှိသည့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီ၏ စစ်ဆေးတွေ့ရှိ ချက်များနှင့်အညီ ပြန်လည်ပြင်ဆင်ခြင်းလုပ်ငန်းများကို အစီအမံများ ရေးဆွဲဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အမျိုးသားသဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုကော်မတီမှ ထုတ်ပြန်သည့်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်၊ အမိန့်၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်များကို တိတိကျကျ လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း၊  ထိခိုက်ပျက်စီးခဲ့ သည့် စက်ပစ္စည်းကိရိယာများကိုလည်း အမြန်ဆုံးစစ်ဆေးပြုပြင်၍ ကုန်ထုတ်လုပ်မှုလုပ်ငန်များ ပြန်လည်စတင် ဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စက်ရုံ၌ဆောက်လုပ်ထားသည့် အဆောက်အဦများသည် ထုတ်ပြန်ပြဋ္ဌာန်းထားသည့် မြန်မာ နိုင်ငံအဆောက်အအုံဆိုင်ရာ စံချိန်စံညွှန်းလမ်းညွှန်ချက်များနှင့် ကိုက်ညီမှု ရှိ၊ မရှိ ပြန်လည်စစ်ဆေးထားရမည်ဖြစ်ကြောင်း၊ သွေးကြောသွင်းဆေးရည်များသည် ပြည်သူလူထု၏ ကျန်းမာရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် များစွာအထောက်အကူပြု၍ အမြန်ဆုံး လည်ပတ်ထုတ်လုပ်နိုင်ရေး စီမံ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် ပုဂ္ဂလိကမှ ဆောင်ရွက်လျက်ရှိသည့် စဉ့်ကိုင်မြို့နယ်ရှိ မြန်မာမန္တလေးဟူရှင်း စတီးလ်စက်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး စက်ရုံအနေဖြင့် ထုတ်ကုန်ပစ္စည်းများ အရည်အသွေး စံချိန်စံညွှန်းပြည့်မီစေရေးအတွက် စက်ရုံရှိဓာတ်ခွဲခန်းတွင် စမ်းသပ်စစ်ဆေးသည့်အပြင် နိုင်ငံတကာ အသိအမှတ်ပြု ဓာတ်ခွဲခန်းများတွင်လည်း စမ်းသပ်စစ်ဆေး၍ အသိအမှတ်ပြုလက်မှတ်ရရှိအောင် ဆောင်ရွက်ထား ရမည်ဖြစ်ကြောင်း၊ သို့မှသာ စက်ရုံမှထုတ်လုပ်သည့် ကုန်ပစ္စည်းများကို သုံးစွဲသူပြည်သူ များမှ ယုံကြည်စိတ်ချစွာ အသုံးပြုလာမည်ဖြစ်ကြောင်း၊ သံ၊ သံမဏိများကို အရည်အသွေးကောင်းမွန် စေရန်နှင့် စံချိန် စံညွှန်းများနှင့် ကိုက်ညီမှုရှိ၊ မရှိ စမ်းသပ်စစ်ဆေးမှုများနှင့်ပတ်သက်၍ နည်းပညာများကို မျှဝေပေးရမည်ဖြစ်ကြောင်း၊ သံနှင့် သံမဏိထုတ်ကုန်များ အရည်အသွေးကောင်းမွန်လျှင် မြေငလျင် ကဲ့သို့သော သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်ပါက သုံးစွဲသူပြည်သူများ ထိခိုက်ပျက်စီးမှု၊ ဘေးအန္တရာယ်ဖြစ်ပွား မှုလျော့နည်းမည်ဖြစ်၍ အလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်း မှာကြားကာ သံမဏိချောင်း အရွယ် အစားမျိုးစုံ ထုတ်လုပ်နေသည့် လုပ်ငန်းစဉ် အဆင့်ဆင့်တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)