နေပြည်တော် ဧပြီ ၂၃  

 

ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် နှစ်သစ်တွင် လူသစ်၊ စိတ်သစ်၊ ခွန်အား သစ်များဖြင့် နိုင်ငံ့တာဝန်များ ထမ်းဆောင်နေကြသည့်   ဝန်ထမ်းများနှင့် ယနေ့နံနက်ပိုင်း တွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ်()အစည်းအဝေးခန်းမ၌ တွေ့ဆုံ၍ အားပေး စကား ပြောကြားသည်။

 

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက  မိမိတို့ရုံးအဆောက်အဦကို ကျွမ်းကျင် အင်ဂျင် နီယာအဖွဲ့ ဖွဲ့နှင့်  စစ်ဆေးမှုများပြုလုပ်ထားပြီးဖြစ်သဖြင့် ဝန်ထမ်းများလုံလုံခြုံခြုံနှင့် စိတ်ချယုံကြည်စွာဖြင့် နိုင်ငံ့တာဝန်များကို ထမ်းဆောင်နိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်နှင့် မိမိတို့ဝန်ကြီးဌာနအနေဖြင့် ငလျင်ဒဏ်သင့်ဝန်ထမ်းများ၏ လိုအပ်ချက်များကို အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေး လျက်ရှိကြောင်း၊ ဝန်ထမ်းများအနေဖြင့် ပြန်လည်တည်ဆောက်ရေး၊ ပြန်လည်ထူထောင်ရေးနှင့် အခြေချနေထိုင်ရေးလုပ်ငန်းစဉ်များတွင် အားလုံးစုံစုံညီညီဖြင့် တက်တက်ကြွကြွ ပါဝင် ဆောင်ရွက်ကြစေလိုကြောင်း၊ ပြန်လည်ထူထောင်ရေးအတွက် ပိုမိုအရှိန်မြှင့် လုပ်ဆောင်ကြစေလို ကြောင်းနှင့် ဝန်ထမ်းတစ်ဦးချင်းစီ၏ အသိစိတ်ဖြင့် တာဝန်ယူပူးပေါင်းဆောင်ရွက်ရန် လိုအပ် ကြောင်း ပြောကြားသည်။

 

ထို့နောက် ဝန်ထမ်းများက နေထိုင်ရေးနှင့်စပ်လျဉ်း၍ တွေ့ကြုံနေရသည့် အခက်အခဲများကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ဖြေရှင်းဆောင်ရွက်ပေးပြီး လိုအပ်သည် များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)