mdn

နေပြည်တော် ၁၆ နိုဝင်ဘာ

 

အခြေခံပညာအထက်တန်းဆင့် Grade - 10 ဦးဆောင်ပို့ချသူများဆိုင်ရာသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ရှိ ရန်ကုန်ပညာရေးတက္ကသိုလ် Learning Hub ခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက သင်ရိုးညွှန်းတမ်းများကို ပြုပြင်ပြောင်းလဲရာတွင် KG + 12 အစီအစဉ်အရ  ၂၀၁၆ - ၂၀၁၇ ပညာသင်နှစ်တွင် KG သင်ရိုးသစ်၊ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် Grade - 1 ၊ ၂၀၁၈ - ၂၀၁၉ ပညာသင်နှစ် တွင် Grade - 2 နှင့် ယခု ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ်တွင် Grade - 3 နှင့် အလယ်တန်းအဆင့်အတွက် Grade - 6 သင်ရိုးသစ်များကို ပြောင်းလဲသင်ကြားလျက်ရှိပြီး လာမည့် ၂၀၂၀ - ၂၀၂၁ သင်နှစ်တွင် Grade - 4, Grade – 7 နှင့် Grade - 10 သင်ရိုးသစ်များကို ပြောင်းလဲမည်ဖြစ်ကြောင်း၊ အထက်တန်းအဆင့် Grade - 10 ပါဝင်လာသည့်အတွက် ယခုပြောင်းလဲမှုသည် အရေးကြီးပြီး ယခင်သင်ရိုးနှင့် အခြေခံပညာအလယ်တန်း ပြီးဆုံးလာသည့် ကျောင်းသားကျောင်းသူများကို အထက်တန်း သင်ရိုးသစ်နှင့် စတင်ထိတွေ့ပေးရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ယခုသင်ရိုးသစ် Grade - 10 ကို ဆင့်ပွားသင်တန်းပေးရမည့် ဆရာ၊ ဆရာမများ၏ အခန်းကဏ္ဍသည် အရေးကြီးပါကြောင်း။

 

သင်ရိုးသစ် Grade - 10 တွင် ယခင်သင်ရိုးနှင့် ကွာခြားချက်သည် ကျောင်းသား ဗဟိုပြုသင်ကြားနည်းနှင့် အဓိကသင်ကြားသွားမည်ဖြစ်ပြီး လက်တွေ့ဘဝတွင် တွေ့ကြုံရမည့် အခက်အခဲပြဿနာများကို ကိုယ်တိုင်ဖြေရှင်းနိုင်သည့် အခြေအနေများရရှိရန် ဆရာ ဆရာမများက ဦးဆောင်ဖန်တီးပေးသွားရမည် ဖြစ်ကြောင်း၊ သင်ရိုးသစ်၏ သင်ခန်းစာများကို သင်ယူလေ့လာခြင်းဖြင့် ကျောင်းသားကျောင်းသူများသည် အချင်းချင်း ပူးပေါင်းဆောင်ရွက်ခြင်း၊ တစ်ဦးကို တစ်ဦးကူညီခြင်း၊ စဉ်းစားတွေးခေါ် သုံးသပ်တီထွင်တတ်ခြင်း အစရှိသည့် အလေ့အကျင့်များကို ရရှိလာမည်ဖြစ်ကြောင်း၊ အနာဂတ်မျိုးဆက်သစ်များအတွက် ထိရောက်အကျိုးရှိမည့် ပညာရေးပြုပြင်ပြောင်းလဲရေးလုပ်ငန်းများတွင် ကဏ္ဍအသီးသီးမှ ပါဝင်ခဲ့ကြသူများကို ဝန်ကြီးဌာနအနေဖြင့် ဂုဏ်ယူပါကြောင်း ပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အခြေခံပညာအထက်တန်းဆင့် Grade-10 ဦးဆောင်ပို့ချသူများဆိုင်ရာ သင်တန်း၏ သင်ကြားသင်ယူနေမှုများကို ကြည့်ရှုအားပေးသည်။

 

အဆိုပါ သင်တန်းသို့ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အထက်တန်းပြ ဆရာဆရာမ ၅၄၀ တက်ရောက်လျက်ရှိပြီး နိုဝင်ဘာ ၂၇ ရက်အထိ သင်ကြားသွားမည်ဖြစ်သည်။

 

သတင်းစဉ်

 

mdn

 

mdn