နေပြည်တော် ၁ ဇန်နဝါရီ 

၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ အခြေခံပညာကျောင်းသားအားကစားပွဲတော် ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်း အနားကို ယနေ့ ညနေ(၆)နာရီတွင် ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ ပညာရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ညွှန်ကြား‌ရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အားကစားနှင့်ကျန်းမာရေးဝန်ကြီးဌာနမှ သက်ဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းဒေသကြီး ပြည်နယ်အသီးသီးမှ အုပ်ချုပ်သူ နည်းပြများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

 

c2

 

ဆုချီးမြှင့်ပွဲတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး များဖြစ်ကြသည့် ဦးဝင်းမော်ထွန်း၊ ဒေါက်တာမြလေးစိန်နှင့် ညွှန်ကြားရေးမှူးချုပ်များက ၂၀၁၉-၂၀၂၀ ပညာ သင်နှစ်၊ အခြေခံပညာကျောင်းသားအားကစားပွဲတော် ဘောလုံးပြိုင်ပွဲ(အမျိုးသား၊ အမျိုးသမီး)၊ ဘောလီဘော ပြိုင်ပွဲ(အမျိုးသား၊ အမျိုးသမီး)နှင့် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲများတွင် အနိုင်ရဗိုလ်စွဲခဲ့ကြသည့် အသင်းများအား ဆုများပေးအပ်ချီးမြှင့်ကြသည်။

 

p05

 

၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ အခြေခံပညာကျောင်းသားအားကစားပွဲတော်ကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်မှ ၂၀၂၀ပြည့်နှစ် ဇန်နဝါရီလ ၂ ရက်နေ့အထိ အားကစားနည်း (၄)မျိုး(ဘောလုံး၊ ဘောလီဘော၊ ပြေးခုန်ပစ်၊ ပိုက်ကျော်ခြင်း)ဖြင့်ယှဉ်ပြိုင်ကစားကြရာ တနင်္သာရီတိုင်းဒေသကြီးက ရွှေ(၁၅)ခု၊ ငွေ(၂)ခု၊ ကြေး(၄)ခု၊ ရှမ်း ပြည်နယ်က ရွှေ(၃)ခု၊ ငွေ(၂)ခု၊ ကြေး(၁)ခု၊ မကွေးတိုင်းဒေသကြီးက ရွှေ(၂)ခု၊ ငွေ(၄)ခု၊ ကြေး(၆)ခု၊ ပဲခူးတိုင်း ဒေသကြီးက ရွှေ(၂)ခု၊ ငွေ(၃)ခု၊ ကြေး(၄)ခု၊ ကချင်ပြည်နယ်က ရွှေ(၂)ခု၊ ငွေ(၃)ခု၊ ကြေး(၃)ခု၊ ဧရာဝတီ တိုင်းဒေသကြီးက ရွှေ(၂)ခု၊ ငွေ(၃)ခု၊ ကြေး(၁)ခု၊ ရန်ကုန်တိုင်းဒေသကြီးက ရွှေ(၂)ခု၊ ငွေ(၂)ခု၊ ကြေး(၃)ခု၊ မွန်ပြည်နယ်က ရွှေ(၁)ခု၊ ငွေ(၅)ခု၊ ကြေး(၂)ခု၊ မန္တလေးတိုင်းဒေသကြီးက ရွေ(၁)ခု၊ ငွေ(၂)ခု၊ ကြေး(၃)ခု၊ စစ်ကိုင်းတိုင်းဒေသကြီးက ရွှေ(၁)၊ ငွေ(၁)ခု၊ ကြေး(၃)ခု၊ နေပြည်တော်က ရွှေ(၁)ခု၊ ငွေ(၂)ခု၊ ကြေး(၁)ခု၊ ကယားပြည်နယ်က ရွှေ(၁)ခု၊ ငွေ(၂)ခု၊ ကရင်ပြည်နယ်က ငွေ(၁)ခု၊ ကြေး(၃)ခု၊ ချင်းပြည်နယ်က ငွေ(၁)ခု၊ ကြေး(၁)ခု၊ ရခိုင်ပြည်နယ်က ကြေး(၂)ခု ရရှိခဲ့ကြောင်း သတင်းရရှိသည်။ 

(ပညာရေး)

 

p23