နေပြည်တော်  ၃၁   အောက်တိုဘာ

 

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် ဒိန်းမတ် ပါလီမန်မှ ပြည်သူ့ငွေစာရင်းကော်မတီဥက္ကဋ္ဌ Mr. Henrik Thorup Gamst နှင့်အဖွဲ့အား ယနေ့မွန်းလွဲ ၁ နာရီ ၄၅ မိနစ်တွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးရုံး ဧည့်ခန်းမ၌ တွေ့ဆုံ သည်။

 

5

 

တွေ့ဆုံစဉ် တက္ကသိုလ်များ၊ နည်းပညာနှင့် သက်မွေးကျောင်းများနှင့် စက်မှုလက်မှု လုပ်ငန်းများ ချိတ်ဆက်ပူးပေါင်းဆောင်ရွက်ရေး၊ အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း ၂၀၂၁ - ၂၀၃၀ ပြုစုရေး အပါအဝင် နှစ်နိုင်ငံ ပညာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးကြသည်။

 

အဆိုပါဆွေးနွေးပွဲသို့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

(သတင်းစဉ်)