ရန်ကုန် ၅ ဇန်နဝါရီ  

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ်များမှ အရာရှိများနှင့်တွေ့ဆုံပွဲကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အရည်အသွေးရှိသော ပညာသင်ယူမှုအခွင့်အလမ်း မြင့်မားရေးကို ဆောင်ရွက်လျက်ရှိရာ အလယ်တန်းကျောင်း၊ အထက်တန်းကျောင်းများတွင် ကျောင်းနေနှုန်းနှင့်ပြီးမြောက်မှု နှုန်းမြင့်မားလာသည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ ကျောင်းများတွင် ကျောင်းသုံးဖတ်စာ အုပ်များ၊ ဆရာကိုင်စာအုပ်များ အချိန်မီဖြန့်ဝေနိုင်ရေး အရေးကြီးပါကြောင်း၊ သင်ကြား သင်ယူမှုနည်းလမ်းများ၊ သင်ထောက်ကူပစ္စည်းများအသုံးပြု ၍ Project based Learning ဖြင့် ပူးပေါင်းသင်ယူခြင်းများကို ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။

ဆရာ ဆရာမများ၏ အရည်အသွေးပိုမိုမြှင့်တင်နိုင်ရေးအတွက် ၂ နှစ်သင် ပညာရေး ကောလိပ်များအားလုံးကို ၄ နှစ်သင် ပညာရေးဒီဂရီကောလိပ်များအဖြစ်သို့ မြှင့်တင်ဆောင် ရွက်ခြင်းကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆရာ ဆရာမလိုအပ်ချက်အရ မြို့နယ်အလိုက် တရားမျှတသော ယှဉ်ပြိုင်မှုဖြင့်အားပေးခြင်း၊ တိုင်းရင်းသားဒေသခံများကို ဦးစားပေးခြင်း၊ ရာထူးတိုးပြောင်းများကိုလည်း စွမ်းဆောင်ရည်နှင့်လုပ်သက်အရ အားပေး ခြင်း၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုများကို အားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ စာကြည့်တိုက်များဖြည့်ဆည်းခြင်း၊ ကျောင်းသား ကျောင်းသူများ၏ တစ်ဦးချင်းစွမ်း ဆောင်ရည်များနှင့် အသင်းအဖွဲ့များအလိုက် ပူးပေါင်းဆောင်ရွက်နိုင်စေရန် ပြေးခုန်ပစ်၊ ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း စသည့် အားကစားပြိုင်ပွဲများကို ဆောင်ရွက်ပေး လျက်ရှိပြီး (ကြက်တောင်၊ ရေကူး၊ စားပွဲတင်တင်းနစ်) စသည်တို့ကို လာမည့်နှစ်တွင် ထည့်သွင်းကျင်းပသွားမည် ဖြစ်ပါကြောင်း။

ကျောင်းသား ကျောင်းသူများ စာဖတ်စွမ်းရည်မြင့်မားလာစေရန် အင်္ဂလိပ်စာစွမ်းရည် ပြိုင်ပွဲများ၊ သင်္ချာ စွမ်းရည်ပြိုင်ပွဲများ၊ အိုင်စီတီစွမ်းရည်ပြိုင်ပွဲများကိုလည်း ကျင်းပပေးရမည် ဖြစ်ပါကြောင်း၊ ကျောင်းသား ကျောင်းသူများ အရက်သောက်သုံးခြင်း၊ စီးကရက်သောက်သုံး ခြင်း အန္တရာယ်ကင်းဝေးစေရေး၊ မူးယစ်ဆေးဝါးအန္တရာယ်ကင်းစင်ရေး၊ ယာဉ်စည်းကမ်းလမ်း စည်းကမ်းများ စည်းကမ်းတကျ လိုက်နာရေး၊ ကျန်းမာရေးနှင့်ညီညွတ်သော လူနေမှုပုံစံ (Healthy Life Style)နှင့် မျိုးဆက်ပွားကျန်းမာ ရေး၊ ဂိမ်းသုံးစွဲမှုလျှော့ချရေးတို့ကိုလည်း အလေးအနက်ထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျောင်း များ၌ အမှိုက်ပုံးများတွင် စနစ်တကျ အမှိုက်စွန့်ပစ်တတ်စေရန်၊ တစ်ကိုယ်ရည်သန့်ရှင်းရေးနှင့် ကျောင်း ကျန်းမာရေး လုပ်ငန်းများကို စနစ်တကျဆောင်ရွက်နိုင်ရေးအတွက် ဆရာ ဆရာမများ၊ မိဘဆရာအသင်း များနှင့် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။

ကျောင်းစီမံခန့်ခွဲရေးမွမ်းမံသင်တန်းများ၊ ကျောင်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်နိုင်စေရန် လမ်းညွှန်စာအုပ်များနှင့်အညီ မြို့နယ်ပညာရေးမှူးများက လိုအပ်ချက်များကို ဖြည့်ဆည်းပူးပေါင်း ဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ ဆရာ ဆရာမများ၏စွမ်းဆောင်ရည်ပိုမို မြင့်မားတိုးတက်လာစေရန် နိုင်ငံခြားပညာတော်သင်များ စေလွှတ်ခြင်းများကိုလည်း အားပေးဆောင် ရွက်လျက်ရှိပါကြောင်း၊ ကျောင်းသား ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ သင်ယူမှုဝန်းကျင်ကောင်း များတွင် သင်ယူတတ်မြောက် မှုအရည်အသွေးကောင်းမွန်ရေး၊ ပြဿနာကိုဖြေရှင်းနိုင်သော စွမ်းရည် များ၊ တစ်သက်တာ သင်ယူနိုင်သောစွမ်းရည်များ၊ အသင်းအဖွဲ့စိတ်ဓာတ်ဖြင့် ပူးပေါင်းဆောင်ရွက်နိုင် သောစွမ်းရည်များတိုးတက်လာစေရန် အားလုံးကပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

 

‌ေ

 

ထို့နောက် အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ဆရာ ဆရာမများအနေဖြင့် Social Media များသုံးစွဲရာတွင် Ethics, Code of Conduct များနှင့်အညီ လိုက်နာသုံးစွဲကြစေလိုကြောင်း၊ G-10 သင်ရိုးသစ်များ၊ Counselling များနှင့် သင်ရိုးသစ်ဘာသာတွဲများ နှင့်ပတ်သက်၍ မိဘများသိရှိနိုင်ရန် အသိပေးပြောကြားကြ စေလိုပြီး ပညာရေးပြုပြင်ပြောင်းလဲမှုများကို အတူတကွ ပူးပေါင်း ဆောင်ရွက်ကြစေလို ကြောင်း၊ ဆရာ ဆရာမများအနေဖြင့် စာမေးပွဲကာလအတွင်း ပိုမိုကောင်းမွန်အောင် ဖြည့်ဆည်းသင်ကြားပေးကြစေလိုကြောင်း၊ မြန်မာစာ၊ အင်္ဂလိပ်စာနှင့် အခြား ဘာသာရပ်ကို Project based Learning ဖြင့် ဆောင်ရွက်ကြစေလိုကြောင်း၊ နေ့စားလပေး ရုံးဝန်ထမ်း များခန့်ထားနိုင်ရေးကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆရာ ဆရာမများ ရာထူးတိုးပြောင်း များကိုလည်း ကျောင်းဖွင့်ချိန်မတိုင်မီ အပြီးသတ်ဆောင်ရွက်နိုင်ရေး စီစဉ်လျက်ရှိပြီး ဆောင်ရွက်ရာတွင် လာဘ်ပေးလာဘ်ယူများ ကင်းရှင်းရန်လို အပ်ပါကြောင်း၊ ဆရာ ဆရာမမများအနေဖြင့် ပညာရေး ဝန်ဆောင်မှုများပေးရာတွင် ပတ်သက်ဆက်နွယ်သူများကို နွေးနွေးထွေးထွေး ပြောဆိုဆက်ဆံပြီး လေးလေးစားစား ဆက်ဆံကြစေလိုကြောင်း ပြောကြားသည်။


ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးပညာရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်မာဆွေ က ရန်ကုန်တိုင်းဒေသကြီးအတွင်း ပညာရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှုများ အား ရှင်းလင်းတင်ပြသည်။

ထို့နောက် ခရိုင်ပညာရေးမှူးများ၊ မြို့နယ်ပညာရေးမှူးများက မိမိတို့ခရိုင်၊ မြို့နယ်များ အလိုက် ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက တင်ပြချက်များအပေါ် ညှိနှိုင်း ဆွေးနွေးဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။ 

(သတင်းစဉ်)