နေပြည်တော် ၁ ဇန်နဝါရီ
ရန်ကုန်တက္ကသိုလ်မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများ၏ စုပေါင်းအမှိုက်ကောက်ခြင်းကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေပရိဝုဏ်၌ ကျင်းပသည်။

ထိုသို့ဆောင်ရွက်စဉ် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ယခုနှစ် ဆောင်ပုဒ်ဖြစ်သည့် We Clean, We Educate, We Change နှင့်အညီ မိမိပတ်ဝန်းကျင် သန့်ရှင်းစေရန် ဆောင်ရွက်ကြရာတွင် အုပ်တစ်ချပ်သဲတစ်ပွင့်အဖြစ် အားလုံးပူးပေါင်းဆောင် ရွက်ကြသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ အမှိုက်ကင်းစင်ခြင်းသည် စိတ်ကိုကြည်နူးစေပြီး ခွန်အားလည်းဖြစ်စေပါကြောင်း၊
ထို့ကြောင့် တက္ကသိုလ်များတွင် အမှိုက်ကောက်ခြင်းကို ပုံမှန်ဆောင်ရွက်သွားကြစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူများသည် အဖွဲ့ (၃)ခွဲ၍ စီးပွားရေးတက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ်(လှိုင်နယ်မြေ) ပရဝဏ်အတွင်း၌ ပတ်ဝန်း ကျင်သန့်ရှင်းရေးအတွက် အမှိုက်ကောက်ရှင်းလင်းခြင်းများကို တပျော်တပါး ဆောင်ရွက်ကြသည်။
ရန်ကုန်တက္ကသိုလ်မှ ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူများပူးပေါင်း၍ အမှိုက်ကောက်ခြင်းကို ၂၀၁၈ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်နှင့် ၂၀၁၉ ခုနှစ်တွင် ရန်ကုန် - မန္တလေး အမြန်လမ်း(၀)မိုင်တို့တွင် ဆောင်ရွက်ခဲ့ကြသည်။
(သတင်းစဉ်)