နေပြည်တော် မေ ၂၄
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် မေ ၂၃ ရက်နှင့် ၂၄ ရက် တို့တွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကွန်ပျူတာတက္ကသိုလ်(မန္တလေး)၊ မန္တလေးနည်းပညာတက္ကသိုလ်၊ မြန်မာသတင်းအချက် အလက်နည်းပညာတက္ကသိုလ်နှင့် စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ နည်းပညာ တက္ကသိုလ်(စစ်ကိုင်း)တို့ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ပြည်ထောင်စုဝန်ကြီးသည် ယမန်နေ့မွန်းလွဲပိုင်းတွင် ကွန်ပျူတာတက္ကသိုလ်(မန္တလေး)သို့ ရောက်ရှိပြီး တက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမတွင် ဒုတိယပါမောက္ခချုပ်၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ တက္ကသိုလ်ဥပဓိရုပ်ကောင်းမွန်စေရေး၊ စိမ်းလန်းစိုပြေ သန့်ရှင်းသာယာလှပစေရေး၊ ကျောင်းသား ကျောင်းသူများ ပျော်ရွှင်တတ်ကြွစွာ အားကစားပြုလုပ်နိုင်ရေး၊ အေးချမ်းပျော်ရွှင်စွာ နေထိုင်နိုင်ရေး၊ သင်ကြား သင်ယူမှု ဝန်းကျင်ကောင်းများ ဖန်တီးပေးနိုင်ရေးအတွက် စဉ်ဆက်မပြတ်ပြုပြင် ထိန်းသိမ်းဆောင်ရွက် ကြရန်မှာကြားကာ ဆရာ၊ ဆရာမ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ပင်မစာသင်ဆောင်ရှိ ကွန်ပျူတာခန်းများနှင့် လက်တွေ့ခန်းများ၊ တက္ကသိုလ်ရှိ ကျောင်းသား ကျောင်းသူဆောင်များ၊ ကန်တင်နှင့်အားကစားကွင်းတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များ မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မန္တလေးနည်းပညာတက္ကသိုလ်နှင့် အစိုးရနည်းပညာကောလိပ်(မန္တလေး) တည်ဆောက်ရေး စီမံကိန်းနေရာသို့ ရောက်ရှိပြီး ဒုတိယပါမောက္ခချုပ်များနှင့် တာဝန်ရှိသူများ၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ လိုအပ်သည်များ မှာကြားသည်။
ပြည်ထောင်စုဝန်ကြီးသည် ယနေ့ နံနက်ပိုင်းတွင် မြန်မာသတင်းအချက်အလက် နည်းပညာတက္ကသိုလ်သို့ ရောက်ရှိပြီး တက္ကသိုလ်ရှိစုဝေးခန်းမတွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံနှင့် အစိုးရနည်းပညာ အထက်တန်းကျောင်းအသီးသီးမှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများနှင့် တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ လူ့အဖွဲ့အစည်း၊ လူသားများနှင့် ပတ်ဝန်းကျင် ကောင်းကျိုးအတွက် ဆန်းသစ်တီထွင်နိုင်သော သုတေသီများနှင့် ခေတ်မီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော် တည်ဆောက်ရေးတွင် ထိထိရောက်ရောက် အကျိုးပြုနိုင်သော အင်ဂျင်နီယာများ၊ ကျွမ်းကျင်သူများနှင့် သုတေသီများဖြစ်လာစေရန် ကျောင်းသား၊ ကျောင်းသူများအား စနစ်တကျ သင်ကြား လေ့ကျင့်ပေးရန်၊ စာတွေ့သာမက လက်တွေ့ကျသည့် သင်ခန်းစာများဖြင့် သင်ကြးပေးပြီး လက်တွေ့အသုံးချ သုတေသနလုပ်ငန်းများ ဆောင်ရွက်ကြရန်၊ မိမိတို့ရရှိထားသော အရည်အသွေးအာမခံမှုများအား စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာ ပညာသင်ကြား နိုင်ရေးအတွက် သင်ကြားသင်ယူမှု ဝန်းကျင်ကောင်းများ စီစဉ်ထားရှိ ပေးနိုင်ရန်၊ ကျောင်းဥပ ဓိရုပ်ကောင်း မွန်စေရေးနှင့် သန့်ရှင်းသာယာလှပရေးတို့ကို အလေးထားဆောင်ရွက်ရန် လမ်းညွှန်မှာကြားပြီး ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများ၏ အခက်အခဲတင်ပြမှုများအား ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နည်းပညာ တက္ကသိုလ်(စစ်ကိုင်း)သို့ ရောက်ရှိပြီး ပါမောက္ခချုပ်၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမ ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့ကာ ကျောင်းများပြန်လည်ဖွင့်လှစ်ရာတွင် အဆင်သင့် ဖြစ်စေရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိသည့် အခြေအနေများ၊ စီမံခန့်ခွဲရေးဆိုင်ရာကိစ္စရပ်များ၊ ကျောင်းဥပဓိရုပ်ကောင်းမွန် စေရေးနှင့် သန့်ရှင်းသာယာလှပစေရေးတို့ကို မှာကြားပြီး ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများ၏ အခက်အခဲ တင်ပြမှုများအား ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)