နေပြည်တော် နိုဝင်ဘာ ၁၁

 

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံအမတ်ကြီး H.E Mr. Saurabh Kumar အား ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၊ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

 

တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် အိန္ဒိယ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုအဖြစ် ဖွင့်လှစ်ထားသော မြန်မာ သတင်းအချက်အလက် နည်းပညာတက္ကသိုလ်၏ သင်ကြားသင်ယူမှုကိစ္စရပ်များ၊ အိုင်စီတီနယ်ပယ်တွင် လူသားအရင်း အမြစ် ပြုစုပျိုး ထောင်ခြင်းများကို ပိုမိုတိုးတက်အောင် ဆောင်ရွက်သွားမည့် အခြေအနေ၊ အိန္ဒိယနိုင်ငံရှိ India Institute of Information Technology – Bangalore(IIIT-B) နှင့် တက္ကသိုလ်အချင်းချင်း ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေ၊ မြန်မာနိုင်ငံအတွက်အရေးပါသော ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ကဏ္ဍနှင့် ဇီဝနည်းပညာကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်၊ မန္တလေးနည်းပညာတက္ကသိုလ်တွင် Remote Sensing ဌာနနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်နိုင်မည့် အခြေအနေများကို ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

(သတင်းစဉ်)