နေပြည်တော် စက်တင်ဘာ ၁၉
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E Mr. Vinay Kumar အား ယနေ့နံနက် ၉ နာရီခွဲက နေပြည်တော်ရှိ အဆိုပါ ဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံ နှင့် အိန္ဒိယနှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုအဖြစ် ဖွင့်လှစ်ထားသော မြန်မာသတင်းအချက်အလက် နည်းပညာတက္ကသိုလ်၌ သင်ကြားသင်ယူမှုဆိုင်ရာကိစ္စရပ်များ၊ သတင်းအချက် အလက်နှင့် ဆက်သွယ်ရေးနည်းပညာကဏ္ဍတို့တွင် လူသားအရင်းအမြစ် ပြုစုပျိုးထောင်ခြင်းများကို ပိုမိုတိုးတက် အောင်ဆောင်ရွက်သွားမည့် အခြေအနေများ၊ အိန္ဒိယနိုင်ငံရှိ India Institute of Infor-mation Technology – Bangalore (IIIT-B) နှင့် တက္ကသိုလ်အချင်းချင်း ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများ၊ မြန်မာ နိုင်ငံအတွက် အရေးပါသော ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နှင့် အီလက်ထရောနစ် နည်းပညာကဏ္ဍ၊ ဇီဝနည်းပညာ ကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များ၊ နှစ်နိုင်ငံတက္ကသိုလ်များအကြား Joint Degree Progr-amme များ ဆောင်ရွက်ရေးကိစ္စရပ်များ၊ သုတေသနဖွံ့ဖြိုးတိုးတက်မှုအတွက် ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်များ၊ ကျွမ်းကျင် ပညာရှင်များနှင့် လူငယ်သိပ္ပံပညာရှင်များလာရောက်ခြင်းနှင့် ဘွဲ့ကြို၊ ဘွဲ့လွန် ကျောင်းသား ကျောင်းသူများ ပညာတော်သင်ရရှိရေး Joint Working Group ဖွဲ့စည်း၍ စဉ်ဆက်မပြတ် ဆောင်ရွက်ရေးတို့ကို ရင်းနှီးပွင့်လင်းစွာ ညှိနှိုင်း ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။
သတင်းစဉ်