နေပြည်တော် မတ် ၁၈
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံ သံအမတ်ကြီး H.E. Mr. Harishchandra Ghimire အား ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာနရှိ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် Nepal-Myanmar Partnership in Digital Transformation ကို နေပြည်တော်တွင် ကျင်းပပြုလုပ် မည်ဖြစ်ပါကြောင်း၊ အဆိုပါအခမ်းအနားတွင် ဆော့ဝဲလ်နှင့်ဝန်ဆောင်မှုစနစ် အသုံးပြုခြင်းတို့ကို အထူးပြုပြသ မည်ဖြစ်ပါကြောင်းနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ သတင်း အချက်အလက်နှင့် နည်းပညာကဏ္ဍများတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးနှင့် ဒစ်ဂျစ်တယ်အသွင်ပြောင်းရေး အစီအစဉ်တွင် နီပေါ-မြန်မာ ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ခဲ့ကြသည်။
တွေ့ဆုံပွဲသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)