နေပြည်တော် ဖေဖော်ဝါရီ ၂၃
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် သည် ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ရှိ နည်းပညာ တက္ကသိုလ်(တောင်ငူ)၊ ကွန်ပျူတာတက္ကသိုလ်(တောင်ငူ)၊ အစိုးရစက်မှုလက်မှုသိပ္ပံ(တောင်ငူ)နှင့် အစိုးရနည်းပညာ အထက်တန်းကျောင်း(တောင်ငူ) သို့သွားရောက် ကြည့်ရှုစစ်ဆေးသည်။
နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် အစိုးရစက်မှုလက်မှု သိပ္ပံ(တောင်ငူ) သို့ရောက်ရှိပြီး ကျောင်းအုပ်ကြီး၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံပြီး ပြည်ထောင်စုဝန်ကြီက လူငယ်များအတွက် ဖန်တီးမှုများ၊ ဆန်းသစ်တီထွင်မှုစွမ်းရည်များကို သင်ကြားသင်ယူလေ့ကျင့်မှုများရရှိအောင် ပြုစုပျိုးထောင်ပေးခြင်းဖြင့် အရည်အချင်းပြည့်ဝသော လူ စွမ်းအရင်းအမြစ်များ ရရှိလာမည်ဖြစ်ကြောင်း မှာကြားပြီး ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှု၊ လက်တွေ့ခန်းများ၊ ကွန်ပျူတာ ခန်းများ၊ သင်ထောက်ကူပစ္စည်းများ၊ စာကြည့်တိုက်နှင့် အလုပ်ရုံများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကွန်ပျူတာတက္ကသိုလ်(တောင်ငူ)သို့ရောက်ရှိပြီး သင်ကြားသင် ယူမှုများတွင် ICT နည်းပညာကို အကျိုးရှိစွာ အသုံးချပြီး ဒေသဆိုင်ရာ ပြည်သူများ၏ စီးပွားရေးကို ပံ့ပိုးကူညီရန်၊ ခေတ်မီဆန်းသစ်သော တီထွင်မှုများဖြင့် နိုင်ငံ့စီးပွားရေးနှင့် လူ့အဖွဲ့အစည်းကို အားပေးရန် မှာကြားပြီး ကွန်ပျူ တာခန်း၊ စာကြည့်တိုက်နှင့် စာသင်ခန်းများတွင် ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုကို လှည့်လည်ကြည့်ရှုသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် နည်းပညာတက္ကသိုလ်(တောင်ငူ)၌ ပါမောက္ခချုပ်၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး ပြည်ထောင်စုဝန်ကြီးက အင်ဂျင်နီယာ ကျင့်ဝတ်နှင့်အညီ ဆန်းသစ်တီထွင်ပြီး ကျွမ်းကျင်သော အင်ဂျင်နီယာများနှင့် သုတေသီများ ဖြစ်လာစေရန် စနစ်တကျ လေ့ကျင့်သင်ကြားပေးရန်၊ သက်ဆိုင်ရာ နယ်ပယ်များတွင် စဉ်ဆက်မပြတ် လေ့လာသင်ယူခြင်းဖြင့် လူ့အဖွဲ့ အစည်းကို ပံ့ပိုးကူညီနိုင်မည့် လူသားအရင်း အမြစ်များ လိုအပ်ကြောင်း မှာကြားသည်။
ခရီးစဉ်အတွင်း ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနေမှု၊ လက်တွေ့ခန်းများ၊ ကွန်ပျူတာခန်းများ၊ သင်ထောက်ကူပစ္စည်းများ၊ စာကြည့်တိုက်နှင့် အလုပ်ရုံများ၊ စားရိပ်သာဆောင်တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ ပြည်ထောင်စုဝန်ကြီးက တက္ကသိုလ်နှင့် ကျောင်းများအားလုံး ဥပဓိရုပ်ကောင်းမွန်ရေးကို အဓိကထား ဆောင်ရွက်ရန်၊ သင်ကြားသင်ယူမှု ပတ်ဝန်းကျင်ကောင်းများကို ဖန်တီးပေးပြီး ကျောင်းအတွင်းအပြင် သန့်ရှင်းသာယာလှပရေးနှင့် ဥပဓိရုပ်ကောင်းမွန်ရေးကို ဦးစားပေး ဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရှိရသည်။
သတင်းစဉ်