နေပြည်တော် ဖေဖော်ဝါရီ ၁၆

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် သည် တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီးရှိ ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်၊ သတင်းအချက်အလက်နည်းပညာတက္ကသိုလ်နှင့် ရန်ကုန်နည်းပညာတက္ကသိုလ်များသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် သတင်းအချက်အလက်နည်း ပညာတက္ကသိုလ်၌ ပါမောက္ခချုပ်၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံရာ ပါမောက္ခချုပ်က ကျောင်းဆိုင်ရာများနှင့် ပင်မ ၆ ထပ်ဆောင်တည်ဆောက်နေမှုနှင့်စပ်လျဉ်း၍ လုပ်ငန်းပြီးစီးမှုနှင့် ဆောင်ရွက်နေမှုအခြေအနေများကို  ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက လူ့စွမ်းအားအရင်းအမြစ်များကို ပြုစုပျိုးထောင်ခြင်းဖြင့် သိပ္ပံနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လူ့အဖွဲ့အစည်းကိုပံ့ပိုးကူညီရန်၊ ICT နည်းပညာကို အကျိုးရှိစွာအသုံးချပြီး နည်းပညာဆိုင်ရာလေ့လာမှု၊ တီထွင်ဖန်တီးမှုများနှင့် သုတေသနလုပ်ဆောင်မှုများသည် ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုအတွက် လက်တွေ့ကျကျ အကျိုးပြုနိုင်ရေး ဦးတည်ဆောင်ရွက်ကြရန် မှာကြားသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်နည်းပညာတက္ကသိုလ်သို့သွားရောက်၍ ကျောင်း သား၊ ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနေမှု၊ လက်တွေ့ခန်းများ၊ ကွန်ပျူတာခန်းများ၊ သင်ထောက် ကူပစ္စည်းများ၊ စာကြည့်တိုက်နှင့် အလုပ်ရုံများကိုလှည့်လည် ကြည့်ရှုစစ်ဆေးပြီး ပါမောက္ခချုပ်၊  ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် သင်ကြားသင်ယူမှု အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေး၊ သင်ကြားရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်နိုင်ရေး၊ တက္ကသိုလ်နှင့် ကျောင်းများအားလုံး ဥပဓိရုပ်ကောင်းမွန်ရေးကို အဓိကထားဆောင်ရွက်ရေး၊ သင်ကြားသင်ယူမှုပတ်ဝန်း ကျင်ကောင်းများကို ဖန်တီးပေးပြီး ကျောင်းအတွင်းအပြင် သန့်ရှင်းသာယာလှပရေးနှင့်  ဥပဓိရုပ်ကောင်းမွန်ရေးကို ဦးစားပေးဆောင်ရွက်ကြရန် မှာကြားသည်။

ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ  ယမန်နေ့မွန်းလွဲပိုင်းက ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်၌ ပါမောက္ခချုပ်၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံကာ တက္ကသိုလ်အတွင်း ပင်မ ၃ ထပ်စာသင်ဆောင်သစ် တည်ဆောက်နေမှု၊ စာသင်ခန်း၊ Lab ခန်း၊ စာကြည့်တိုက်၊  အားကစားရုံများနှင့် ဘောလုံးကွင်းသစ်တည်ဆောက်မည့် နေရာများကို  ကြည့်ရှုစစ်ဆေးပြီး ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးနှင့် လုပ်ငန်းဆိုင်ရာလိုအပ်ချက်များကို မှာကြားခဲ့ကြောင်း သိရှိရသည်။

သတင်းစဉ်