ရန်ကုန်  ၂၇  ဇန်နဝါရီ

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ချက်သမ္မတနိုင်ငံ၏ President of the Senate of the Parliament ဖြစ်သူ Mr. Jaroslav Kubera ကွယ်လွန်ခဲ့သည့်အတွက် ယနေ့မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ ချက်သမ္မတနိုင်ငံသံရုံး၌ ဖွင့်လှစ်ထားရှိသော ဝမ်းနည်းခြင်း အထိမ်းအမှတ်စာအုပ်တွင် သွားရောက် လက်မှတ်ရေးထိုးသည်။

 

ချက်သမ္မတနိုင်ငံ၏ President of the Senate of the Parliament ဖြစ်သူ Mr. Jaroslav Kubera သည် ကွယ်လွန်ချိန်၌ အသက် ၇၃ နှစ်ရှိပြီဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)