နေပြည်တော်  ၂၉   နိုဝင်ဘာ 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ e - Government လုပ်ငန်းများ နှင့်ပတ်သက်၍ အသိပေးမိတ်ဆက်ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံး၌ ကျင်းပသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဝန်ကြီးဌာနအနေဖြင့် ခေတ်မီသတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာကို အသုံးချ၍ လုပ်ငန်းဆောင် ရွက်မှု ပိုမိုအဆင်ပြေလွယ်ကူချောမွေ့စေခြင်း၊ လုပ်ငန်းစွမ်းဆောင်ရည်များမြှင့်တင်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် ပိုမိုလျင်မြန်လွယ်ကူစွာ ပေးပို့ဆက်သွယ်ပြန်ကြား ဆောင်ရွက်နိုင်ရေးအတွက် အီလက်ထရွန်နစ်စနစ်သုံး ရုံးစာပေးပို့ ပြန်ကြားမှုစနစ် (electronic in-house memo transmission system) ကို စတင်အသုံးချ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာန၏ e - Government လုပ်ငန်းများ ပိုမိုအောင်မြင်ထိရောက်စေရေးအတွက် ဝိုင်းဝန်းဆွေးနွေးအကြံပြုခြင်းများကို ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ဝန်ကြီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် e - Government လုပ်ငန်းများ၊ ဝန်ကြီးဌာန၏ ကိုယ်ပိုင်အီးမေးလ်ဆောင်ရွက်နေမှုများ၊ Mobile Tablet လုပ်ငန်းစဉ်များနှင့် ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲမှ ခေတ်မီသတင်း အချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာကို အသုံးချ၍ ဆောင်ရွက်နေသည့်လုပ်ငန်းများကို ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံ/ဘဏ္ဍာ) ဒေါ်အေးအေးစိန်နှင့် တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြရာ တက်ရောက်လာကြသူများက အကြံပြုဆွေးနွေးကြသည်။ 

(သတင်းစဉ်)