mdn

နေပြည်တော် ၂၆ မေ

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့နံနက် နာရီတွင် ထိုင်းနိုင်ငံမှပြန်လည် ဝင်ရောက်လာသူများကို စနစ်တကျပြန်လည်လက်ခံ၍ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် လုပ်ငန်းများ ပိုမိုထိရောက်စွာ ပေါင်းစပ်ဆောင်ရွက်ရေး တိုင်းဒေသကြီး/ ပြည်နယ် လူမှုရေးဝန်ကြီးများ၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများနှင့် Video Conferencing ဖြင့် ညှိနှိုင်းဆွေးနွေးသည်။

 

ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက  ယခုအချိန်တွင် ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်ခဲ့သည့် မြန်မာနိုင်ငံသားများ အလုံးအရင်းဖြင့် ပြန်လည်ဝင်ရောက်လာလျက်ရှိသဖြင့် ထိုသို့ဝင်ရောက်မှုများအပေါ်တွင် ချိန်သားကိုက်စနစ်တကျ စီမံခန့်ခွဲမှုများပြုလုပ်ကာ ကိုဗစ်-၁၉ ပြန့်ပွားကူးစက်မှုများ မရှိစေရေး ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ယနေ့အထိ မိမိတို့နိုင်ငံတွင် ကိုဗစ်-၁၉ လူနာ (၂၀၃) ဦးရှိပြီး ယခုရက်ပိုင်းတွင်တွေ့ရှိရသော လူနာသစ်များသည် ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသူများဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊ ယနေ့အထိ ဓာတ်ခွဲစစ်ဆေးခဲ့သည့် သံသယ/စောင့်ကြည့်လူနာများ၌ ( ဒသမ ) ရာခိုင်နှုန်း၊ ဓာတ်ခွဲအတည်ပြု လူနာနှင့်ထိတွေ့ခဲ့သူများ၌ ( ဒသမ ) ရာခိုင်နှုန်းနှင့် အသွားအလာ ကန့်သတ်ထားရှိသူများ၌ ( ဒသမ ) ရာခိုင်နှုန်းတို့တွင် ရောဂါပိုးတွေ့ရှိခဲ့ပါကြောင်း၊ ယနေ့အထိ ကိုဗစ်-၁၉ ဓာတ်ခွဲစစ်ဆေးမှုများတွင် သံသယ/ စောင့်ကြည့်လူနာများနှင့် ဓာတ်ခွဲအတည်ပြုလူနာနှင့် ထိတွေ့ခဲ့သူများ အားလုံးကိုလည်းကောင်း၊ အသွားအလာ ကန့်သတ်ထားသူများ၏ ( ဒသမ ) ရာခိုင်နှုန်းကိုလည်းကောင်း စစ်ဆေးခဲ့ပြီး စစ်ဆေးခဲ့သည့်ဓာတ်ခွဲနမူနာ စုစုပေါင်း (၂၀,၃၁၉) ခုအနက် () ရာခိုင်နှုန်းတွင် ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့ပါကြောင်း။

 

လက်ရှိအခြေအနေတွင် အတိုင်းအတာတစ်ခုအထိ လက်ခံနိုင်သော ရောဂါထိန်းချုပ်နိုင်မှုအဆင့် တစ်ခုကို ရရှိနေသော်လည်း ကိုဗစ်-၁၉ နှင့် ရောဂါပိုး၏ သဘောသဘာဝကို အပြည့်အစုံ မသိရှိသေးသဖြင့် မိမိတို့အနေဖြင့် လက်ရှိလုပ်ဆောင်နေသည့် လုပ်ငန်းများကို လုံးဝအားလျှော့၍ မရဘဲ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်ပြု လုပ်ရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်များတွင် လူမှုရေးဝန်ကြီးများ၏ ဦးဆောင်မှု၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများ၏ ပညာရပ်ကျွမ်းကျင်မှုပိုင်းဆိုင်ရာ စီမံခန့်ခွဲမှု၊ ကျန်းမာရေးဝန်ထမ်းများ၊ နှီးနွှယ်ဌာန/ အဖွဲ့အစည်းများ၊ လူမှုရေးပရဟိအဖွဲ့အစည်းများ အားလုံး၏ ကြိုးပမ်းအားထုတ်ဆောင်ရွက်နေမှုများ အားကျေးဇူးတင်ရှိပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးမှ ပေးပို့လာသော စာရင်းဇယားနှင့် သတင်းအချက်အလက်များကို နေ့စဉ် ပြည်သူ့ကျန်းမာရေးနှင့် ရောဂါဗေဒရှုထောင့်မှ ဆန်းစစ်မှုများပြုလုပ်၍ စီမံခန့်ခွဲမှု၊ လမ်းညွှန်မှုများကို ဆောင်ရွက်လျက်ရှိသဖြင့် တိုင်းဒေသကြီး/ ပြည်နယ် လူမှုရေးဝန်ကြီးများ၊ တာဝန်ရှိသူများအနေဖြင့် မှန်ကန်သော သတင်းအချက်အလက်များ၊ အကြံပြုချက်များကို အချိန်နှင့် တစ်ပြေးညီ ဆက်လက်ပေးအပ်စေလိုပါကြောင်း၊ နိုင်ငံတွင်းသို့ ပြန်လည်ဝင်ရောက်လာသူများကို နယ်စပ်ဝင်၊ ထွက်ဂိတ်များတွင် လက်ခံမှတ်တမ်းယူမှု၊ အသွားအလာကန့်သတ်ထားရှိရန် နေရာများသို့ သီးခြားယာဉ်များဖြင့် သတ်မှတ် စည်းကမ်းများနှင့်အညီ ပို့ဆောင်မှု၊ အသွားအလာကန့်သတ်ထားရှိခြင်း စီမံခန့်ခွဲမှု လုပ်ငန်းများအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ လမ်းညွှန်ချက်များထုတ်ပြန်ထားပြီး အဆိုပါလမ်းညွှန်ချက်များကို တိကျစွာလိုက်နာဆောင်ရွက်ရန် အရေးကြီးပါကြောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များ၊ လုပ်ငန်းပါဝင် ဆောင်ရွက်သူများအကြား အချိတ်အဆက်မိစွာဖြင့် စနစ်တကျ ဆောင်ရွက်နေကြသည်မှာ ကောင်းမွန်ပါကြောင်း။

 

ယခုအချိန်အခါ၌ လုပ်ငန်းများဆောင်ရွက်ရာတွင် လုပ်ငန်းကဏ္ဍအလိုက် တာဝန်ခွဲဝေဆောင်ရွက်မှုနှင့် ချိန်သားကိုက် စနစ်တကျပူးပေါင်း ဆောင်ရွက်မှုတို့သည် ပိုမို၍အရေးကြီးလာပါကြောင်း၊ လက်ရှိတွင် တိုင်းဒေသကြီး/ ပြည်နယ်များရှိ အသွားအလာ ကန့်သတ်ထားရှိရာနေရာ (၁၀,၀၀၀) ခန့်တွင် အသွားအလာကန့်သတ်ထားရှိသူ (၅၆,၀၀၀) ခန့်ရှိနေပြီး ယနေ့အထိ အသွားအလာကန့်သတ်ထားရှိခံခဲ့ရသူ စုစုပေါင်း (၂၂၀,၀၀၀)ခန့်ရှိပါကြောင်း၊ အသွားအလာကန့်သတ်ထားရှိရာ နေရာများအား စီမံခန့်ခွဲမှုပြုလုပ်ရာတွင် အသွားအလာကန့်သတ်မှုခံရသူများ စည်းကမ်းလိုက်နာမှုရှိရေးအတွက် ကြီးကြပ်ဆောင်ရွက်ရန်မှာ အထူးအရေးကြီးပါကြောင်း၊ ထိုသို့ တိကျစွာ စည်းကမ်းလိုက်နာမှုရှိမှသာလျှင် ကိုဗစ်-၁၉ ကို ကောင်းစွာထိန်းချုပ်နိုင်ပြီး ဤကပ်ရောဂါဘေးကို ကျော်လွှားနိုင်မည် ဖြစ်ပါကြောင်း။

 

အသွားအလာကန့်သတ်ထားရှိရာ နေရာများ၏ အခြေအနေကို စစ်ဆေးသည့်ပုံစံစာရင်း (checklist) များကို အသုံးပြု၍ စောင့်ကြည့်ဆန်းစစ်မှုများ ဆက်လက်ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံရှိ ဓာတ်ခွဲအတည်ပြုလူနာများ၏ (၆၀) ရာခိုင်နှုန်းခန့်တွင် ရောဂါလက္ခဏာ တစ်စုံတစ်ရာမရှိသေးသော်လည်း ရောဂါပိုးရှိနေသည်ဆိုသည့် အချက်အား နေရပ်ပြန်လာသည့် အသွားအလာကန့်သတ်ထားရှိခံရသူများ သိရှိရန် အထူးအလေးပေး၍ ပြောကြားရမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် COVID-19 ဓာတ်ခွဲစစ်ဆေးမှုများကို ပိုမိုတိုးမြှင့်လုပ်ဆောင်လျက်ရှိပြီး မန္တလေးတိုင်းဒေသကြီးတွင် လာမည့်လအတွင်း ဓာတ်ခွဲစစ်ဆေးမှုများ စတင်ပြုလုပ်နိုင်ရေး စီစဉ်လျက်ရှိပါကြောင်း၊ အလားတူ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်တို့တွင် စစ်ဆေးနိုင်ရေးကိုလည်း စီစဉ်လျက်ရှိပါကြောင်း၊ ယနေ့ဆွေးနွေးပွဲတွင် ပြည်ပမှ နိုင်ငံတွင်းသို့ ပြန်လည်ဝင်ရောက် လာသူများအတွက် စီမံခန့်ခွဲမှု လုပ်ငန်းများနှင့် ပတ်သက်၍ လက်ရှိဆောင်ရွက်နေမှု၊ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များ၊ လိုအပ်ချက်များ၊ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် ပတ်သက်သည့် အထွေထွေကိစ္စရပ်များကို ပွင့်လင်းစွာ ဆွေးနွေးပြောကြားကြစေလိုပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးများနှင့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးတို့က သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များတွင် ပြည်ပမှ နိုင်ငံတွင်းသို့ ပြန်လည်ဝင်ရောက်လာမှု အခြေအနေများ၊ အသွားအလာ ကန့်သတ်ထားရှိမှုလုပ်ငန်းစဉ် အဆင့်ဆင့် ဆောင်ရွက်နေမှုများ၊ အသွားအလာ ကန့်သတ်ထားရှိသည့်ဦးရေ၊ လုပ်ငန်းကဏ္ဍအလိုက် တာဝန်ခွဲဝေဆောင်ရွက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ၊ လုပ်ငန်းအတွေ့အကြုံများ၊ တွေ့ကြုံရသည့် အခက်အခဲများကို ဆွေးနွေးပြောကြားသည်။

 

ထို့နောက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ညွှန်ကြားရေးမှူးချုပ် (ပြည်ထောင်စု ဝန်ကြီးရုံး) ဒေါက်တာသာထွန်းကျော်၊ ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန) ဒေါက်တာစိုးဦးတို့က ပြန်လည်ဆွေးနွေးကြသည်။

 

ဆက်လက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများက သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် အသွားအလာကန့်သတ်ထားရှိမှု လုပ်ငန်းများတွင် ကျန်းမာရေးကဏ္ဍ ပူးပေါင်းပါဝင်ဆောင်ရွက်နေမှု၊ ဓာတ်ခွဲနမူနာများ ရယူဆောင်ရွက်နေမှု၊ သံသယ/ စောင့်ကြည့်လူနာအရေအတွက်၊ ဓာတ်ခွဲစစ်ဆေးမှုအခြေအနေ၊ တွေ့ကြုံရသည့် အခက်အခဲနှင့် လိုအပ်ချက်များကိုလည်းကောင်း၊ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)မှ ဒုတိယညွှန်ကြားရေးမှူးချုပ်တို့က လက်ရှိဓာတ်ခွဲစစ်ဆေးမှု အခြေအနေများ၊ ဓာတ်ခွဲပစ္စည်းများ အမျိုးအစားအလိုက် ရရှိမှု၊ ဝယ်ယူမှု၊ ကျန်ရှိစာရင်းများ၊ ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်း အစီအစဉ်များကိုလည်းကောင်း၊ ကိုဗစ်-၁၉ ကုသရေးဌာန (ဖောင်ကြီး) ဝေဘာဂီအထူးကုဆေးရုံကြီးနှင့် တောင်ဥက္ကလာပအထူးကုကြီး ဆေးရုံတို့မှ ဆေးပညာ ပါမောက္ခများက ကိုဗစ်-၁၉ ကုသရေးလုပ်ငန်များ ဆောင်ရွက်နေမှုနှင့် အထွေထွေ ကိစ္စရပ်များကိုလည်းကောင်း၊ ဆွေးနွေးပွဲသို့ တက်ရောက်လာသူများက အထွေအထွေ ဆွေးနွေးအကြံပြုချက်များကို လည်းကောင်း အသီးသီးဆွေးနွေး ပြောကြားကြသည်။

 

ဆွေးနွေးပွဲသို့ တက်ရောက်သူများ၏ ဆွေးနွေးအကြံပြုချက်များကို မှတ်တမ်းတင်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်