နေပြည်တော် ဒီဇင်ဘာ ၁၉

မြန်မာနိုင်ငံဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့၏ ၂၂ ကြိမ်မြောက် သုတေသနညီလာခံ ဖွင့်ပွဲအခမ်းအနားကို  ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင့်သဘင်ခန်းမ၌ကျင်းပရာ အမျိုးသား သင်ရိုးညွှန်းတမ်းကော်မတီဥက္ကဋ္ဌနှင့်အဖွဲဝင်များ၊ မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အမှုဆောင်အဖွဲ့ဝင် ပညာရှင်ကြီးများ၊ ဘာသာရပ်အလိုက် အကောင်းဆုံး သုတေ သနစာတမ်းဆု စိစစ်ရွေးချယ်ရေးအဖွဲ့ဝင် ပညာရှင်ကြီးများ၊ သုတေသီများနှင့် လုပ်ငန်း ကော်မတီဝင်များ တက်ရောက်ကြပြီး ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဒေါက်တာ ညွှန့်ဖေ၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှညွှန်ကြား ရေးမှူး ချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ဒုတိယညွှန်ကြား ရေးမှူးချုပ်များက ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့်တက်ရောက်သည်။

ရှေးဦးစွာ ပြန်ထောင်စုဝန်ကြီးက ပညာရှင်အဖွဲ့က ၂၀၀၁ ခုနှစ် မှစတင်ပြီး နှစ်စဉ်သုတေသန စာတမ်းဖတ်ဖွဲများကိုကျင်းပခဲ့ရာ (၂၂)ကြိမ် မြောက် ရှိပြီဖြစ်ပါကြောင်း၊ တက္ကသိုလ်၊ ကောလိပ်များ၊ ပုံမှန်သင်တန်းများဖွင့်လှစ် နိုင်သည့်အတွက်  ဘာသာရပ် (၃၂)မျိုးအနက် ဘာသာရပ်(၂၄)မျိုးမှ စာတမ်း စုစုပေါင်း (၂၄၃) စောင်ကို ဖတ်ကြား ဆွေးနွေးမည်ဖြစ်ကြောင်း သိရှိရသည့်အတွက် မလျော့ သော ဇွဲလုံ့လဝီရိယတို့ဖြင့် ဆောင်ရွက်ကြသော သုတေသီများကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊  ပါရဂူကျမ်းသုတေသနလုပ်ငန်းအစီရင်ခံစာ တင်သွင်းလာသည့်၁၆စောင်အနက် ပညာရှင်အဖွဲ့ဆု(၈) ဆုရရှိသည့် သုတေသီများကို ဂုဏ်ပြုဆုများချီးမြှင့်ပေးမည်ဖြစ်ပါကြောင်း၊ တက္ကသိုလ်နှင့် သက်ဆိုင် ရာဒေသ၏ အလားအလာပေါ်မူတည်၍ Center for Research and Innovation(CRI) များ ထူထောင် နိုင်ရေး စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ CRI များပေါ်ပေါက် လာပါက ဒေသအတွင်းမှာရှိသည့် လုပ်ငန်းရှင် များနှင့်ချိတ်ဆက်၍ ဒေသလူမှု စီးပွားဘဝဖွံ့ဖြိုးရေးအတွက် နည်းပညာလိုအပ်ချက်ကို တက္ကသိုလ်များက ဖြည့်ဆည်းပေးနိုင်တော့ မည်ဖြစ်ပါကြောင်း၊ တက္ကသိုလ်ရှိ သုတေသီဆရာ ဆရာ မများ၊ ကျောင်းသား ကျောင်းသူများ၏ Carrer Development ကိုတိုက်ရိုက်အကျိုးရှိ စေမည် ဖြစ်ပါကြောင်း။

သုတေသနသည် တက္ကသိုလ်၏ အသက်သွေးကြော ဖြစ်ကြောင်း၊ Research Culture တစ်ခု တက္ကသိုလ်‌မြေတွင် အခိုင်အမာပေါ်ပေါက်ရေးအတွက် သုတေသီဆရာဆရာမများ၊ ကျောင်းသား ကျောင်း သူများ၏ အဓိကတာဝန်ဖြစ်ပါကြောင်း၊ တာဝန်ရှိသူ ဆရာဆရာမများကလည်း Research Cultureပါ်ထွန်းရေးကို ဝိုင်းဝန်းအားပေးရန် အလေးအနက်မှာကြားလိုပါကြောင်း၊ မြန်မာနိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် သုတေသန လုပ်ငန်းများ အားကောင်းလာစေရန် ကြိုးပမ်းဆောင်ရွက် ကြစေလိုကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏လမ်းညွှန်ချက်နှင့်အညီ တိုင်းဒေသကြီး ပြည်နယ်တစ်ခုစီတွင် ပါရဂူတန်းဖွင့်လှစ် သည့်တက္ကသိုလ် အနည်းဆုံးတစ်ခုရှိရေးကို ဦးတည်ဆောင်ရွက်လျက်ရှိပါကြောင်းပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာသက်လွင်က နှုတ်ခွန်း ဆက် စကားပြောကြားသည်။

ယင်းနောက် မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံပညာရှင် အမှုဆောင်အဖွဲ့ဝင် ဆရာမကြီးဒေါက်တာ သန်းနွဲ့က ဆုရရှိသူများ၏အမည်စာရင်းနှင့်ဆုရရှိသည့် အကြောင်းရင်းကိုဖတ်ကြားသည်။

ဆက်လက်၍ ဆုရရှိသူများအားဆုချီးမြှင့်ရာ မြန်မာနိုင်ငံဝိဇ္ဇာနှင့်သိပ္ပံ ပညာရှင်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာသက်လွင်က ဝိဇ္ဇာပညာရပ်ဆုရရှိသူ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်၊ နိုင်ငံတကာ ဆက်ဆံရေးပညာဌာန ကထိက ဒေါက်တာတင်တင်မာစန်း၊ ပြည်တက္ကသိုလ်၊ ဒဿနိကဗေဒဌာန တွဲဖက်ပါမောက္ခ ဒေါက်တာသက်သက်မြင့်၊ မုံရွာတက္ကသိုလ်၊ စိတ်ပညာဌာန ကထိက ဒေါက်တာ တင်တင်နှင့် အမျိုးသားစိမံခန့်ခွဲမှုပညာဒီဂရီကောလိပ်၊ မြန်မာစာဌာန တွဲဖက်ပါမောက္ခ ဒေါက်တာ နီနီခိုင်တို့ကိုလည်းကောင်း၊  မြန်မာနိုင်ငံဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့ ဒုတိယဥက္ကဋ္ဌ ဒေါက်တာ မောင်ကျော် က သိပ္ပံပညာရပ်ဆုရရှိသူ ဟင်္သာတတက္ကသိုလ် သတ္တဗေဒဌာန ကထိက ဒေါက်တာ မင်းဇော်လတ်၊ ရတနာပုံတက္ကသိုလ်၊ ဓာတုဗေဒဌာန ကထိက ဒေါက်တာစုဆွေစုတို့ကို လည်းကောင်း၊ အမျိုးသားသင်ရိုးညွှန်းတမ်း ကော်မတီဥက္ကဋ္ဌ ဒေါက်တာဆွေမြင့် က  လူမှုရေးပညာရပ် ဆုရ ရှိသူ ရန်ကုန်ပညာရေးတက္ကသိုလ် သင်ရိုးညွှန်းတမ်းနှင့် သင်ပြနည်းဌာန၊ကထိက ဒေါက်တာ စုမွန်အောင်၊ ရန်ကုန်ပညာရေးတက္ကသိုလ် ပညာရေးစိတ်ပညာဌာန လက်ထောက်ကထိက ဒေါက်တာအိသဉ္ဇာကို တို့ကိုလည်းကောင်း ဆုများချီးမြှင့်ကြသည်။

ထို့နောက် ပညာရှင်အဖွဲ့ဆုရရှိကြသူများကိုယ်စား အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်၊ မြန်မာစာဌာနမှ တွဲဖက်ပါမောက္ခ ဒေါက်တာနီနီခိုင်က ကျေးဇူးတင်စကားပြောကြားပြီး စုပေါင်း မှတ်တမ်း တင်ဓာတ်ပုံရိုက်ကြသည်။

ယင်းနောက် ညီလာခံအား အစီအစဉ်အတိုင်းဆက်လက်ကျင်းပကြပြီး သုတေသနစာတမ်း ဖတ်ပွဲများကို ဒီဇင်ဘာ ၂၁  ရက်အထိ သုံးရက်တာ ကျင်းပသွား မည်ဖြစ်ကြောင်း သိရသည်။ 

သတင်းစဉ်