နေပြည်တော် ဧပြီ ၂၆
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီး ဒေါက်တာ ဇော်မြင့်နှင့် ဦးနေမျိုးလှိုင်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် မန္တလေး ငလျင်ကြီး ဘေးဒဏ်သင့်ပညာရေးဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများနေထိုင်ရန် နှစ်ခန်းတွဲ ဘာရှာအဆောက်အအုံများ ဆောက်လုပ်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။
ထိုသို့ကြည့်ရှုစဉ် တာဝန်ရှိသူများက နှစ်ခန်းတွဲ ဘာရှာအဆောက်အအုံ နမူနာ ဆောက်လုပ်ထားရှိမှု၊ လုံလောက်သောလမ်းအကျယ် ဖောက်လုပ်ထားမှုနှင့် ဘာရှာအဆောက်အအုံများ ဆက်လက် ဆောက်လုပ်နေမှု အခြေအနေများကို လိုက်လံရှင်းလင်းပြသရာ ပြည်ထောင်စုဝန်ကြီးက သဘာရှာ အဆောက်အအုံများကို မိုးလေမကျမီ သတ်မှတ်ချိန်ကာလအတွင်း အမြန်ပြီးစီးအောင် ဆောက်လုပ် ကြရန်၊ ရေစီးမြောင်းများနှင့် မိုးတွင်းကာလသွားလာရန်လမ်းများ ကောင်းမွန်အောင် စနစ်တကျ ဆောင်ရွက်ရန်၊ ပညာရေးဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ လုံလုံခြုံခြုံနေထိုင်နိုင်ရန် ရည်ရွယ် ဆောက်လုပ်နေသည့် ဘာရှာအဆောက်အအုံတွင် သန့်ရှင်းသောသောက်သုံးရေရရှိရေး၊ ကျန်းမာရေး နှင့်ညီညွတ်သော သန့်စင်ခန်းများကို ပြည့်စုံသောမိလ္လာစနစ်ပူးတွဲ၍ တည်ဆောက်ပေးရန်၊ လိုအပ်သော လျှပ်စစ်မီးရရှိရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများအားလုံး ပူးပေါင်းဆောင် ရွက်ကြရန်၊ ပညာရေးဝန်ထမ်းများအနေဖြင့် လာမည့်ပညာသင်နှစ် ဇွန်လကျောင်းဖွင့်ချိန်တွင် ကျောင်းများဖွင့်လှစ်နိုင်ရေးနှင့် မိမိတို့ဦးစီးဌာနအလိုက် ရုံးလုပ်ငန်းကိစ္စများ ပုံမှန်လည်ပတ်နိုင်ရေး အတွက် အလေးထားဆောင်ရွက်ကြရန် မှာကြားကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)