နေပြည်တော် ဒီဇင်ဘာ ၅ 
ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေနှင့် ဦးမျိုးသန့်သည် ဒုတိယဝန်ကြီးများနှင့်အတူ ယနေ့တွင် Naypyitaw State Academy အတွင်း တည်ဆောက်နေသည့် ဘွဲ့နှင်းသဘင်ခန်းမ၊ Recreation Center ၊ စာသင်ဆောင်များ ၊ အိပ်ဆောင်နှင့် ထမင်းစားဆောင်တည်ဆောက်ရေး လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများသည် Naypyitaw State Academy ၏ ပင်မဆောင်အရှေ့ရှိ Recreation Park ကို တက္ကသိုလ်အင်္ဂါရပ်နှင့်အညီ သစ်ပင်ပန်းမန်များ၊ ရေပန်းအလှများ၊ မီးအလှများ ဆောင်ရွက်ထားရှိမှု အခြေအနေတို့ကို အသေးစိတ်လိုက်လံ ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများကို တည်ဆောက်ရေးလုပ်ငန်းများ အရည်အသွေး ပြည့်မီစေရေး၊ လက်ရာသေသပ် ကောင်းမွန်စေရေး၊ သတ်မှတ်ချိန်အတွင်းပြီးစီးရေး၊ လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေးတို့ကို အလေးထားဆောင်ရွက်ရန် မှာကြားသည်။
ထို့နောက် ဘွဲ့နှင်းသဘင်ခန်းမ တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိပြီး အရည်အသွေး အကောင်းဆုံးဖြင့် သတ်မှတ်ကာလအတွင်း တည်ဆောက် ပြီးစီးရန် မှာကြား၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
 ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် Naypyitaw State Academy ရှိ (၆ ထပ်) စာသင်ဆောင်သို့သွားရောက်၍ ပညာသင်ကြားနေသည့် တက္ကသိုလ် ကျောင်းသား ကျောင်းသူ၊ ဆရာ ဆရာမများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ Naypyitaw State Academy သည် စဉ်းစားတွေးခေါ် ဖန်တီးမှုကို အားပေးသော၊ အရည်အသွေး ပြည့်ဝသော သင်ကြား၊ သင်ယူ၊ လေ့ကျင့်မှုများမှတစ်ဆင့် အသုံးချသုတေသနနှင့် တီထွင်ဆန်းသစ်မှုကို အားပေးသည့် အဆင့်မြင့်ပညာရပ်များသင်ယူရာ တက္ကသိုလ်ဖြစ်ပါကြောင်း၊ တက္ကသိုလ်တစ်ခု၏ ဂုဏ်အင်္ဂါရပ်နှင့် ပြည့်စုံစေရန် (၆ ထပ်) စာသင်ဆောင်အသစ်များ၊ ဘွဲ့နှင်းသဘင်ခန်းမ၊ Recreation Center၊ ကျောင်းသား အိပ်ဆောင်နှင့် ဝန်ထမ်းအိမ်ရာများကို ဖြည့်ဆည်းတည်ဆောက် ပေးလျက်ရှိပါကြောင်း။
ကျောင်းသားဗဟိုပြုသင်ကြားမှုစနစ်ကို အကောင်ထည်ဖော်နိုင်ရန် အရည်အသွေးရှိသော သင်ကြား၊ သင်ယူမှုကို ထိရောက်စွာဆောင်ရွက်နိုင်ရန် စာသင်ခန်းတိုင်းအတွက် Interactive Smart Blackboard များကိုလည်း တပ်ဆင်ပေးထားသည့်အပြင် Up-to-Date ဖြစ်သည့် Textbooks များ၊ ခေတ်မီလက်တွေ့ခန်းသုံးပစ္စည်းများ၊ Internet Access နှင့် e-library အပါအဝင် သင်ထောက်ကူ ပစ္စည်းများကိုပြည့်စုံစွာ ဖြည့်ဆည်းပေးထားပြီး ဖြစ်ပါကြောင်း၊ အထူးပြုဘာသာရပ်များကို သင်ကြားပို့ချမည့် ဆရာ ဆရာမများအနေဖြင့် ကျောင်းသား ကျောင်းသူများအား စဉ်းစားတွေးခေါ်နိုင်မှု၊ တီထွင်ဖန်တီးနိုင်မှုစွမ်းရည်များ မြင့်မားပြီး စိတ်ဓာတ်နှင့် ခံယူချက် မှန်ကန်ကောင်းမွန်သည့် အသိပညာရှင်၊ အတတ်ပညာရှင်များ၊ နိုင်ငံတော်က အားကိုးအားထားပြုအပ်သော လူ့စွမ်းအား အရင်းအမြစ်များပေါ်ထွန်း လာစေရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားကာ စာသင်ဆောင်များအတွင်း လှည့်လည်ကြည့်ရှု့စစ်ဆေး၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်