ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် (၄) ကြိမ်မြောက် ကမ္ဘာ့အင်တာနက် ညီလာခံတွင် ပါဝင်ဆွေးနွေး

ဝူကျင့် ၄ ဒီဇင်ဘာ


သစ်ပင်စိုက်ပွဲတော်တွင် ညီလာခံသို့ တက်ရောက်လာကြသော နိုင်ငံတကာမှ အစိုးရ ကိုယ်စားလှယ်များနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ညီလာခံ အထိမ်းအမှတ် Phoenix သစ်ပင်ကို ပါဝင်စိုက်ပျိုးသည်။


နေ့လယ်ပိုင်း၌ ကျင်းပသည့် Developing through Innovation and Sharing Digital Dividend အစီအစဉ်တွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က The Effect of Social Media on Myanmar Society ခေါင်းစဉ်ဖြင့် ပါဝင်ဆွေးနွေးသည်။


ပြည်ထောင်စုဝန်ကြီးနှင့်အတူ Kissinger Associates မှ ဒုတိယဥက္ကဋ္ဌ Mr.Joshua Cooper Ramo ၊ ကုလသမဂ္ဂ သိပ္ပံနှင့် နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ Mr. Peter Major ၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဇီကျန်းပြည်နယ် ဒုတိယမြို့တော်ဝန် Mr. Feng Fei နှင့် တရုတ် အမျိုးသားရေးရာ ပြည်သူ့ကွန်ဂရက် စီးပွားရေးရာ ကော်မတီ ဒုတိယ ဥက္ကဋ္ဌ Mr. Xiong Qunli တို့ ပါဝင်ဆွေးနွေးခဲ့ကြသည်။


(သတင်းစဉ်)