မကွေး ၁၄ ဒီဇင်ဘာ
မကွေးတိုင်းဒေသကြီး မကွေးတက္ကသိုလ်၌ ကျင်းပသည့် လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်(မကွေး)တွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် တက်ရောက်လာသည့် လူငယ်များနှင့် စာပေစကားဝိုင်းဆွေးနွေးပွဲကို ဘွဲ့နှင်းသဘင်ခန်းမဆောင်တွင် ယနေ့ မွန်းလွဲ ၂ နာရီက ပြုလုပ်သည်။
လူငယ်များနှင့် စာပေစကားဝိုင်း ဆွေးနွေးပွဲသို့ မကွေးတိုင်းအတွင်းရှိ စာရေးဆရာများ၊ စာပေချစ်မြတ်နိုးသူများနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးနှင့် တက်ရောက်လာကြသူများသည် လူငယ်များ စာပေဖတ်ရှုရန် အလေ့အထကောင်းများ ပေါ်ပေါက်လာစေရန် ကိစ္စများအားလည်းကောင်း၊ မြန်မာစာပေ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စများအားလည်းကောင်း ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက မကွေးတိုင်းအတွင်းရှိ စာရေးဆရာများ၊ စာပေချစ်မြတ်နိုးသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ပြီး အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့သည်။
ဝေလျှံ