နေပြည်တော်  ၆   ဒီဇင်ဘာ

 

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် မြန်မာနိုင်ငံဆိုင်ရာ တူရကီနိုင်ငံသံရုံး သံအမတ်ကြီး Mr.Kerem Divanlioglu အား ယနေ့နံနက် ၁၀ နာရီတွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံပြီး မြန်မာနှင့် တူရကီနှစ်နိုင်ငံတို့တွင် သတင်းမီဒီယာကဏ္ဍ ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

(သတင်းစဉ်)