နေပြည်တော် ၂၈ ဒီဇင်ဘာ

 

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို)အမှုဆောင်အဖွဲ့နှင့် ယနေ့နံနက်ပိုင်းတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။

 

mdn

 

တွေ့ဆုံစဉ် ဂီတလောကဖွံ့ဖြိုးတိုးတက်ရေး၊ ဂီတလောကသားများ၏ အကျိုးစီးပွား ကာကွယ်စောင့်ရှောက်ရေးနှင့် ဂီတလောက စည်းလုံးညီညွတ်ရေးဆိုင်ရာများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။

 

mdn

 

တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)ဥက္ကဋ္ဌ ဦးတင်ဦးလေးနှင့် အမှုဆောင်အဖွဲ့ဝင်များ တက်ရောက်ကြသည်။

 

သတင်းစဉ်

 

mdn

 

mdn

 

mdn