ဖားကန့် ၁၉ ဇန်နဝါရီ
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် ယနေ့မွန်းလွဲပိုင်းတွင် ကချင်ပြည်နယ် ဖားကန့်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံး/စာကြည့်တိုက်ကို ကြည့်ရှုစစ်ဆေးသည်။

ပြည်ထောင်စုဝန်ကြီးသည် အဖွဲ့ဝင်များဖြစ်ကြသော ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်နှင့် ဦးအောင်မျိုးမြင့်တို့နှင့်အတူ ဖားကန့်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးရုံးရှိ ပြတိုက်ငယ်၊ စာကြည့်တိုက်နှင့် ကလေးစာဖတ်ခန်းတို့ကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ပြည်သူတို့၏ သတင်းသိရှိပိုင်ခွင့် ဖြည့်ဆည်းပေးနိုင်ရန်အတွက် နယ်မြေဆိုင်ရာ သတင်းအချက်အလက်များ ရယူပေးပို့ရေး၊ မြို့နယ်အတွင်းရှိ စာရေးဆရာများနှင့် ပူးပေါင်းပြီး စာဖတ်ဝိုင်းများ ထိရောက်အောင်ပြုလုပ်ရေး၊ ရုံးအဆောက်အဦးမှ ပြုပြင်ရန်လိုအပ်မှုများ ပြင်ဆင်ထိန်းသိမ်းရေးတို့ကို မှာကြားသည်။
ထို့နောက် ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ခရိုင်(ပြန်/ဆက်)