ရန်ကုန် ၁၈ ဇွန်
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် ယနေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင် လုပ်ငန်းများဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် စတူဒီယို-အေ ပြုပြင်မှုအခြေအနေ၊ အသံသွင်း စတူဒီယို-ဒီ အား အဆင့်မြှင့်တင်နိုင်ရန် ဆောင်ရွက်နိုင်မည့်အခြေအနေ၊ နိုင်ငံတော်သံစုံတီးဝိုင်း လေ့ကျင့်နေမှု၊ နိုင်ငံတော်ဆိုင်းဝိုင်းလေ့ကျင့်နေမှု၊ စတူဒီယို-၁ ၌ ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာ(FDC)၊ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး၊ မြန်မာနိုင်ငံဂီတအစည်းအရုံးနှင့် မြန်မာနိုင်ငံသဘင်ပညာရှင်များ အစည်းအရုံးတို့ ပူးပေါင်းစီစဉ်ရိုက်ကူးသည့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲဆိုင်ရာ တေးသီချင်းနှင့် ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့အသိပညာပေးအစီအစဉ် (Public Service Announcement) ရိုက်ကူးနေမှုများကို ကြည့်ရှုစစ်ဆေးရာ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်နှင့် တာဝန်ရှိသူများက ဆောင်ရွက်မှုအခြေအနေ များကို ရှင်းလင်း တင်ပြကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ အစည်းအဝေး ခန်းမ၌ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင် လုပ်ငန်းဆောင်ရွက်မှုများ ရှင်းလင်း တင်ပြခြင်း ဆိုင်ရာ အစည်းအဝေးသို့ တက်ရောက်သည်။
အစည်းအဝေးတွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ်က (၇၃)နှစ် မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အခမ်းအနားကို တိုက်ရိုက်ထုတ်လွှင့်မည့် အစီအစဉ် အပါ အဝင် ဆက်လက်ထုတ်လွှင့်မည့် အစီအစဉ်များအားလည်းကောင်း၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမို ကရေစီ အထွေထွေရွေးကောက်ပွဲအတွက် တေးသီချင်းများ၊ ဇာတ်လမ်းတိုများနှင့် ဆောင်ပုဒ်များ ရိုက်ကူးပြီးစီးမှုနှင့် ထုတ်လွှင့်နေမှုများအားလည်းကောင်း၊ မြန်မာ့ရုပ်ရှင် နှစ်(၁၀ဝ)ပြည့်နှင့် ရန်ကုန် တက္ကသိုလ် နှစ်(၁၀ဝ)ပြည့် အထိမ်းအမှတ် ဆောင်ရွက်မည့် အစီအစဉ်များအား လည်း ကောင်း ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက နည်းပညာ တိုးတက်ပြောင်းလဲ မှုနှင့်အညီ မီဒီယာလုပ်ငန်းများကိုလည်း လိုက်လျောညီထွေ လိုက်ပါဆောင်ရွက်နိုင်ရေး လေ့လာ ဆောင်ရွက်သွားရန်နှင့် Social Media နှင့်ပတ်သက်၍ ဌာန၏ လုပ်ငန်းများအပေါ် သက်ရောက် နိုင်မှု အခြေအနေများကို လေ့လာဆန်းစစ်ဆောင်ရွက်ကြရန်ဖြစ်ကြောင်း မှာကြားခဲ့သည်။
(သတင်းစဉ်)


