ရန်ကုန် ၃၁ ဇူလိုင်
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် ယနေ့တွင် ရန်ကုန်မြို့ရှိ ပြန်ကြားရေး ဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနမှ အဆောက်အဦများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
ပြည်ထောင်စုဝန်ကြီးသည် နံနက်ပိုင်းတွင် ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ဗိုလ်အောင် ကျော်လမ်း အမှတ်(၃၇၉/၃၈၃)ရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၏ သုံးထပ်အဆောက်အဦကို လည်းကောင်း၊ ဗိုလ်တထောင်မြို့နယ် ကုန်သည်လမ်း အမှတ်(၃၉၂/၃၉၆)ရှိ ဂါးဒီးယန်းသတင်းစာတိုက်ဟောင်း နှစ်ထပ် အဆောက်အဦကို လည်းကောင်း၊ မွန်းလွဲပိုင်းတွင် ဒဂုံမြို့နယ် ပဒုမ္မာလမ်းရှိ ဗဟိုပုံနှိပ်တိုက်ခွဲ ပင်မစက်ရုံအဆောက်အဦ၊ စာအုပ်ချုပ် ဂိုဒေါင်နှင့် အုတ်ညှပ်သွပ်မိုးနှစ်ထပ် လူနေအဆောက်အဦများကို လည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့စစ်ဆေးစဉ် ဌာနပိုင်အဆောက်အဦများကို စနစ်တကျ ပြင်ဆင်ထိန်းသိမ်းရန်နှင့် ပြုပြင်မွမ်းမံပြီး အကျိုးရှိစွာအသုံးပြုနိုင်ရန်အတွက် လိုအပ်သည်များ ဆွေးနွေးမှာကြားခဲ့သည်။
(သတင်းစဉ်)