ရန်ကုန်  ၁   စက်တင်ဘာ 


တီမောလက်စ်တေ ဒီမိုကရက်တစ်သမ္မတနိုင်ငံ၏ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ နှစ်(၂၀) ပြည့်အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ခဲ့သည့် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် သြဂုတ် ၃၁ ရက် မွန်းလွဲပိုင်းက တီမောလက်စ်တေ ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ဒီလီမြို့မှ လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာပြီး အင်ဒိုနီးရှားနိုင်ငံ ဘာလီမြို့နှင့် စင်ကာပူနိုင်ငံတို့မှတစ်ဆင့် လေကြောင်းခရီးဖြင့် ဆက်လက်ထွက်ခွာခဲ့ရာ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိသည်။


ခရီးစဉ်တွင် အဖွဲ့ဝင်အဖြစ် လိုက်ပါသွားသော ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်လည်း အတူပြန်လည်ရောက်ရှိသည်။  


(သတင်းစဉ်)

 

DSC_93