မကွေး ၁၀ သြဂုတ်
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် ယနေ့မွန်းလွဲပိုင်းတွင် တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးနှင့် စာကြည့်တိုက်တို့ကို ကြည့်ရှုစစ်ဆေးသည်။
ပြည်ထောင်စုဝန်ကြီးသည် တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသိန်းနှင့် Book Club အဖွဲ့ဝင်များအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ပြီး စာဖတ်ဝိုင်းများနှင့် ပြည်သူ့စကားဝိုင်းများကို လစဉ်ပုံမှန် ကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြရန် ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ ကလေးစာဖတ်ခန်းကို ကြည့်ရှုစစ်ဆေးပြီး ကလေးများအား ကစားစရာအရုပ်များ ပေးအပ်ခြင်း၊ စာကြည့်တိုက်နှင့် ပြတိုက်ငယ် ခင်းကျင်းထားမှုကို ကြည့်ရှုစစ်ဆေးခြင်းများ ဆောင်ရွက်ကာ လိုအပ်သည်များ ဆွေးနွေးမှာကြားခဲ့သည်။
တိုင်းပြန်/ဆက် (မကွေး)


