နေပြည်တော် ၉ အောက်တိုဘာ 

 

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့ (UNESCO) ဌာနေကိုယ်စားလှယ် Ms. Min Jeong Kim နှင့် အဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီတွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။ 

 

တွေ့ဆုံစဉ်  နိုင်ငံတစ်ဝန်းရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးတွဲပြီး  မီဒီယာနှင့် သတင်းအချက်အလက် သိနားလည်မှု သင်တန်းများ ဖွင့်လှစ်ပို့ချနိုင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။

 

တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးအောင်လှထွန်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

 

သတင်းစဉ်