နေပြည်တော်၊ မေ ၄

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ပွင့်ဆန်းသည် Japan Myanmar Association ၏ Chairman, Mr. Watanabe Hideo ဦးဆောင်သည့် ကိုယ်စား လှယ်အဖွဲ့ကို ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင်  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

 

တွေ့ဆုံစဉ် သီလဝါအထူးစီးပွားရေးဇုန် ပိုမိုဖွံ့ဖြိုးတိုးတက်ရေးတွက် ရှေ့ဆက်လက် ဆောင်ရွက် သွားမည့် အစီအစဉ်များနှင့် ဂျပန်-မြန်မာ နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံ မှုမြှင့်တင်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များကို  ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)