နေပြည်တော် ဒီဇင်ဘာ ၁၅

 

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ဘန်ကောက်မြို့ အခြေစိုက် ကုလသမဂ္ဂစီမံကိန်း ဝန်ဆောင်မှုရုံး (United Nations Office for Project Services-UNOPS) ၏ အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူး မစ္စတာ ဆန်ဂျေးမာသာ ဦးဆောင်သော အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ ဆုံသည်။

 

တွေ့ဆုံစဉ် ကျန်းမာရေးဝန်ကြီးဌာနနှင့် UNOPS အဖွဲ့တို့အကြား လက်ရှိပူးပေါင်း ဆောင်ရွက်နေသည့် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ လုပ်ငန်းများ ပိုမိုအရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေး၊ ဝန်ကြီးဌာန၏ မူဝါဒ၊ ရည်မှန်းချက်များ၊ နည်းဗျူဟာများနှင့်အညီ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ရန် လိုအပ်မှု၊ UNOPS အဖွဲ့မှ စီမံခန့်ခွဲနေသည့် Global Fund နှင့် Access to Health Fund ရန်ပုံငွေများ အသုံးပြု၍ ခုခံကျ၊ ကာလသားရောဂါ၊ တီဘီရောဂါ၊ ငှက်ဖျားရောဂါ တိုက်ဖျက်ရေးလုပ်ငန်းများနှင့် ပဏာမ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နေသည့် ကိစ္စရပ်များကို ဆွေးနွေးကြသည်။

 

တွေ့ဆုံဆွေးနွေးပွဲသို့ ကျန်းမာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

သတင်းစဉ်