နေပြည်တော်၊ နိုဝင်ဘာ ၂၉

ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့ အခြေစိုက် GAVI အဖွဲ့မှ Senior Country Manager Mr. Dirk Ghel နှင့်အဖွဲ့ကို ယနေ့မွန်းလွဲပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

 

တွေ့ဆုံစဉ် ဝန်ကြီးဌာနနှင့် GAVI, WHO နှင့် UNICEF တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ပုံမှန်တိုးချဲ့ ကာကွယ်ဆေးထိုးလုပ်ငန်းများ၊ အမှီလိုက်ကာကွယ်ဆေးထိုးလုပ်ငန်းများ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ဆေး တိုက်ကျွေးရေးလုပ်ငန်းများနှင့်ပတ်သက်၍ ဖြစ်ပေါ်တိုးတက်မှုများ၊ ဆက်လက်ပူးပေါင်း ဆောင်ရွက်မည့် လုပ်ငန်းများအတွက် GAVI အဖွဲ့မှ ငွေကြေးနှင့် နည်းပညာရပ်ဆိုင်ရာ ပံ့ပိုးကူညီပေးမည့် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

 

တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ UNICEF ရုံးနှင့် WHO ရုံးများမှ ကိုယ်စား လှယ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)