နေပြည်တော် မတ် ၁၉
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ အခြေစိုက် GAVI အဖွဲ့မှ Senior Country Manager ဖြစ်သူ Mr. Dirk Ghel နှင့်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံတစ်ဝန်း ကလေးငယ်များအား ကာကွယ်ဆေးထိုးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကာကွယ်ဆေး လွှမ်းခြုံမှုရာခိုင်နှုန်း ၇၅ ရာခိုင်နှုန်းကျော် အောင်မြင်မှုရရှိခဲ့ပြီး ကူးစက်ရောဂါများ ကပ်ရောဂါ အသွင်ဖြစ်ပွားမှုမရှိအောင် ဆောင်ရွက်နိုင်ခဲ့မှု၊ ဝေးလံခက်ခဲသောဒေသများရှိ ကလေးငယ်များ နှင့် အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးမရရှိသည့် ကလေးငယ်များအား အမှီလိုက် ကာ ကွယ်ဆေးထိုးလုပ်ငန်း၊ ထပ်ဆောင်းကာကွယ်ဆေးထိုးလုပ်ငန်းနှင့် တုံ့ပြန် ကာကွယ်ဆေးထိုး လုပ်ငန်း အစရှိသည်တို့ဖြင့် အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်မှု၊ လျှပ်စစ်မီး အခက်အခဲရှိသည့် နေရာဒေသများတွင် ကာကွယ်ဆေးထိုးလုပ်ငန်းများအတွက် GAVI အဖွဲ့မှ နေရောင်ခြည်စွမ်းအင်သုံး ရေခဲသေတ္တာများနှင့် ကာကွယ်ဆေးသယ် အအေးခန်းယာဉ်များ အထောက်အပံ့ပေးမည့်အခြေအနေ၊ အမျိုးသားကာကွယ်ဆေးထိုးနှံ တိုက်ကျွေးရေးမဟာဗျူ ဟာ (၂၀၂၆-၂၀၃၁)အရ ဝန်ကြီးဌာနနှင့် GAVI, WHO, UNICEF အဖွဲ့တို့ ဆက်လက်ပူးပေါင်း ဆောင်ရွက်မည့် ကာကွယ်ဆေးထိုးလုပ်ငန်းဆိုင်ရာများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖ လှယ် ဆွေးနွေးကြသည်။
ဆွေးနွေးပွဲသို့ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံဆိုင်ရာ WHO ရုံး နှင့် UNICEF ရုံးများမှ ကိုယ်စားလှယ်များ၊ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်