နေပြည်တော် ဒီဇင်ဘာ ၂
ပြည်သူလူထုအား အရည်အသွေးပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် အတွက် လိုအပ်သောအရည်အချင်းပြည့်မီသည့် ကျန်းမာရေးလူ့စွမ်းအားစုအမျိုးမျိုးကို အမျိုး သားကျန်းမာရေး စီမံကိန်းလိုအပ်ချက်နှင့်အညီ လေ့ကျင့်မွေးထုတ်ပေးနေသော ကျန်းမာရေးဝန် ကြီးဌာန၊ ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန နိုင်ငံ့ဝန်ထမ်းများ၏ မိသားစုမိတ်ဆုံ နေ့လယ်စာစားပွဲကို ယနေ့မွန်းတည့် (၁၂)နာရီတွင် ကျန်းမာရေး လူ့စွမ်းအား အရင်းအမြစ်ဦးစီး ဌာန(ရုံးချုပ်)၌ ကျင်းပသည်။
စုပေါင်းမိတ်ဆုံနေ့လယ်စာစားပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း က တက်ရောက် လာကြသည့် ဝန်ထမ်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ကာ ကျန်းမာ ရေးလူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာနသည် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးသည့် ဌာနဖြစ်သည့်အလျောက် အရည်အသွေးပြည့်ဝသည့် ကျန်းမာရေးလူ့စွမ်းအားအရင်း အမြစ်များ ပေါ်ထွန်းရေးအတွက် ရှေ့လုပ်ငန်းစဉ်များကို အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်ရန်လိုကြောင်းနှင့် ဝန်ထမ်းများအနေဖြင့် အချင်းချင်းရင်းနှီးချစ်ခင်စွာဖြင့် ကျရာတာဝန်များကို ပျော်ရွှင်စွာ အင်တိုက် အားတိုက် ထမ်းဆောင်ကြရန် တိုက်တွန်းပြောကြားခဲ့ပြီး ပြည်ထောင်စု ဝန်ကြီး၊ ဒုတိယ ဝန်ကြီး ဒေါက်တာအေးထွန်း၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူ များသည် ဝန်ထမ်း များနှင့်အတူ နေ့လယ်စာအတူတကွ သုံးဆောင်ကာ တေးသီချင်းအက၊ အလှများဖြင့် ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြသည့် ဝန်ထမ်းများအား ဆုများချီးမြှင့်ကြသည်။
အဆိုပါမိတ်ဆုံစားပွဲတွင် ဝါသနာရှင်ဝန်ထမ်းများ၊ သူနာပြုသင်တန်းကျောင်း (နေပြည်တော်)နှင့် သားဖွားသင်တန်းကျောင်း(နေပြည်တော်)တို့မှ သင်တန်းသား/သူများက တေးသီချင်းအကများဖြင့်ပါဝင် ဖျော်ဖြေခဲ့ကြပြီး ဝန်ထမ်းများအတွက်လည်း ကံစမ်းမဲများဖောက် ပေးကာ အခမ်းအနားကို ပျော်ရွှင်စွာကျင်းပခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)