နေပြည်တော် ဇန်နဝါရီ ၁၁

ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်းသည် ကိုဗစ်-၁၉ ရောဂါဗီဇပြောင်းမျိုးကွဲများကြောင့် ရောဂါကူးစက်မှု ကာကွယ်နိုင် ရန်ရည်ရွယ်၍ ပြည်သူလူထုအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်း ကာကွယ်ဆေးများကို ထပ်ဆောင်းထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် ၈နာရီတွင် ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးတို့ လိုက်ပါ၍ မြစ်ကြီးနားမြို့ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ မြစ်ကြီးနားမြို့ရှိ နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူလူထုကို ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးခြင်းအစီအစဉ်အား သွားရောက် ကြည့်ရှုအားပေးသည်။ 

ဉီးစွာဆမားဒူဝါဆင်ဝါးနော်ခန်းမတွင် ပြည်ထောင်စုဝန်ကြီးသည် ကချင်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ဇနီး၊ ကချင်ပြည်နယ်အစိုးရအဖွဲ့မှ လူမှုရေးရာဝန်ကြီးဌာန ဝန်ကြီးနှင့် အတွင်းရေးမှူးတို့နှင့်အတူ မြစ်ကြီးနားမြို့ရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်များမှ နိုင်ငံဝန်ထမ်း (၁၅၂)ဦး၊ ကိုယ်ဝန်ဆောင်မိခင် (၃၀)တို့အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနေမှုကို ကြည့်ရှုအားပေးသည်။

ဆက်လက်၍ ကိုဗစ်-၁၉ ရောဂါ ကူးစက်နိုင်ခြေများသည့် ကျန်းမာရေးဝန်ထမ်းများ၊ အသက်(၆၅)နှစ်အထက် ရှိသူများ၊ အသက်(၁၈)နှစ်နှင့်အထက် နာတာရှည်ရောဂါရှိသူ များနှင့် ကိုယ်ခံအားကျဆင်းသည့် ရောဂါရှိသူများ၊ ကိုယ်ဝန်ဆောင်မိခင်များကို ဦးတည်အုပ် စုများအဖြစ် သတ်မှတ်၍ ဦးစားပေးအစီအစဉ်အလိုက် ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံရန်အတွက် အသေးစိတ်မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်