နေပြည်တော် မတ် ၁၈

 

ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် မြန်မာနိုင်ငံဆိုင်ရာနီပေါနိုင်ငံ သံအမတ်ကြီး H.E. Mr. Harishchandra Ghimire အား ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဧည့်ခန်းမ ဆောင်၌ လက်ခံတွေ့ဆုံသည်။

 

တွေ့ဆုံစဉ် မြန်မာ-နီပေါ နှစ်နိုင်ငံကျန်းမာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များ၊ အီလက်ထရောနစ် ကျန်းမာရေးသတင်းအချက်အလက်စနစ်၊ အီလက်ထရောနစ်  ဆေးမှတ်တမ်းစနစ်၊ အီလက် ထရောနစ် ပြည်သူ့ကျန်းမာရေး သတင်းအချက်အလက်စနစ်နှင့် အီလက်ထရောနစ်ဆေးနှင့် ဆေးပစ္စည်း စီမံခန့်ခွဲမှုစနစ် အစရှိသည်တို့တွင် ပူးပေါင်းဆောင်ရွက်နိုင်မည့်ကိစ္စရပ်များ၊ မြန်မာ-နီပေါ နှစ်နိုင်ငံ ကျန်းမာရေး ပညာရှင်များ၊ အထူးကုဆရာဝန်များ အပြန်အလှန်စေလွှတ်၍ အတွေ့အကြုံဖလှယ်ရေးကိစ္စရပ်များကို ရင်းနှီး ခင်မင်စွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

 

တွေ့ဆုံပွဲသို့ ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များနှင့် ကျန်းမာရေး ဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြသည်။

(သတင်းစဉ်)