နေပြည်တော် ဇွန် ၂၇

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် သည် အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာရေးအဖွဲ့ (International Organization for Migration-IOM ) ၏ အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Ms. Sarah Lou Ysmael Arriola အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာရေးအဖွဲ့နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့အကြား နားလည်မှုစာချွန်လွှာရေးထိုး၍ လုပ်ငန်းများပူး ပေါင်းဆောင်ရွက်နိုင်ရေး၊ မိုခါဆိုင်ကလုန်းမုန်တိုင်းအတွက် အစိုးရ၏ကြိုတင်ပြင်ဆင် ဆောင်ရွက်ခဲမှု များနှင့်မုန်တိုင်းသင့်ပြည်သူများအား လူသားချင်းစာနာမှုအကူအညီပေးအပ်ရေးဆောင်ရွက်နေမှု၊ လူကုန် ကူးခံရသူများနှင့် တရားမဝင်ရွှေ့ပြောင်းလုပ်သားများ ပြန်လည်လက်ခံရေးနှင့် လူ့အသိုင်းအဝိုင်းအတွင်း ပြန်လည်ဝင်ဆံ့ရေးဆိုင်ရာများကို  ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် အဆင့်မြင့်အရာရှိကြီးများ၊ IOM ဘက်မှ IOM ၏ မြန်မာနိုင်ငံဆိုင်ရာအကြီးအကဲ Mr. Dragan Aleksoski နှင့် အာရှပစိဖိတ်ဒေသဆိုင်ရာ ရွှေ့ပြောင်းသွား လာမှု မူဝါဒထောက်ပံ့ရေးအရာရှိ Mr. Chaogian Xiong တို့ တက်ရောက်ကြသည်။

သတင်းစဉ်