နေပြည်တော် နိုဝင်ဘာ ၅

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် နိုဝင်ဘာ (၄)ရက် မွန်းလွဲပိုင်းတွင် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းနှင့်အတူ လူမှုဝန်ထမ်းဦးစီးဌာနမှ ဖွင့်လှစ်ထားသော ဘားအံမြို့၊ အမှတ် (၃) ရပ်ကွက်ရှိ မူလတန်းကြိုကျောင်းသို့ ရောက်ရှိကြပြီး ပြည်ထောင်စုဝန်ကြီးက တက်ရောက်နေသော ကလေးငယ်များ၏ ဉာဏစွမ်းရည်တိုးတက်စေရန် လေ့ကျင့်နေမှု အခြေအနေများကို ရင်းနှီးနွေးထွေးစွာ ကြည့်ရှုအားပေးကာ ကလေးများအတွက် ဖြည့်စွက်စာ အာဟာရဖြစ်စေရန် မုန့်များကျွေးမွေး၍ မူလတန်း ကြိုကျောင်းအုပ်နှင့် ဆရာမများကို ကလေးများ မူကြိုကျောင်းတွင် ပျော်ရွှင်စွာနေထိုင်ရေး ဂရုပြုဆောင်ရွက်ကြရန် မှာကြားသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဘားအံမြို့၊ အမှတ် (၃) ရပ်ကွက်ရှိ မူလတန်းကြိုကျောင်းတွင် အောက်တိုဘာ ၂၀ ရက်မှ နိုဝင်ဘာ ၁၆ ရက်အထိ ဖွင့်လှစ်လျက်ရှိသည့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစု ပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးသင်တန်းကိုလည်းကောင်း၊ မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း ဦးစီးဌာနမှ ဖွင့်လှစ်ထားသော ဘားအံမြို့၊ အမှတ် (၉) ရပ်ကွက်ရှိ မူလတန်းကြို ကျောင်းသို့လည်းကောင်း သွားရောက်ပြီး တက်ရောက်နေသော ကလေးငယ်များ၏ ဉာဏစွမ်းရည် တိုးတက်စေရန် လေ့ကျင့်နေမှုကို ရင်းနှီးနွေးထွေးစွာ ကြည့်ရှုအားပေးကာ ကလေးများအတွက် ဖြည့်စွက်စာ အာဟာရဖြစ်စေရန် မုန့်များကျွေးမွေး၍၊ မူလတန်းကြိုကျောင်းအုပ်နှင့် ဆရာမများအား ကလေးများ မူကြိုကျောင်းတွင် ပျော်ရွှင်စွာနေထိုင်ရေး ဂရုပြုဆောင်ရွက်ကြရန်နှင့် မူကြိုကျောင်းရှိ လိုအပ်ချက်များကို ပြင်ဆင်ထိန်းသိမ်းရေး ရန်ပုံငွေဖြင့် ကျခံဖြည့်ဆည်းပေးနိုင်ရေး မှာကြားသည်။

 

mdn

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာသက်သက်ခိုင်သည် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းနှင့်အတူ ဘားအံမြို့၊ အမှတ် (၉) ရပ်ကွက်ရှိ လူမှုဝန်ထမ်းဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ပြည်နယ်/ ခရိုင်/ မြို့နယ် လူမှုဝန်ထမ်းရုံးများနှင့် မူလတန်းကြိုကျောင်းများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ပြန်လည်ထူထောင်ရေး စခန်းတို့တွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများနှင့်တွေ့ဆုံ၍ လိုအပ်သည်များမှာကြားသည်။

 

သတင်းစဉ်