နေပြည်တော် ဇူလိုင် ၂၄

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်သည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E. Mr. Abhay Thakur ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ အမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက် ရောက်ကြသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများကို ပိုမိုသိရှိပြီး လာရောက်လည်ပတ်နိုင်ရန် အတွက် နှစ်နိုင်ငံ အစိုးရ-ပုဂ္ဂလိက ခရီးသွားမြှင့်တင်ရေး ပူးပေါင်းဆောင်ရွက်မှု ကိစ္စရပ်များ၊ တိုက်ရိုက်လေကြောင်းလိုင်း ပြေးဆွဲနေမှု၊ အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ ခရီးသွားမြှင့်တင်ရေး အစီ အစဉ်များကို ရေးဆွဲပြီး အိန္ဒိယနိုင်ငံမှ ခရီးသွားဧည့်သည်များအပြင် နိုင်ငံတကာမှ ခရီးသွား ဧည့်သည်များကိုပါ ဖိတ်ခေါ်သွားနိုင်ရေး၊ မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများနှင့် ခရီးသွား ဆွဲ ဆောင်ရာနေရာများကို ခရီးသွားမြှင့်တင်ရေး ဗီဒီယိုများ ရိုက်ကူး၍ Social Media များမှ တစ်ဆင့် ကျယ်ကျယ်ပြန့်ပြန့် မြှင့်တင်ဆောင်ရွက်နိုင်ရေး၊ အိန္ဒိယနိုင်ငံ ခရီးသွားလုပ်ငန်း နယ်ပယ်မှ ပုဂ္ဂိုလ်များကို မြန်မာနိုင်ငံသို့ ဖိတ်ခေါ်ပြီး ရင်းနှီးကျွမ်းဝင်မှုခရီးစဉ် (FAM-Trip) များ ဖိတ်ခေါ်ဆောင်ရွက်မည့် အစီအစဉ်များ၊ ခရီးသွားဧည့်သည်များ၏ ငွေကြေးလဲလှယ် သုံးစွဲမှု အဆင်ပြေစေရေးအတွက် ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်