နေပြည်တော် ဇွန် ၁၃

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်နှင့် သာယာဝတီခရိုင်အတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့ အစည်းများနှင့် အသက် (၈၅နှစ်အထက် ဘိုးဘွားများအား ထောက်ပံ့ခြင်းအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် ပြည်မြို့ရှိ မြို့တော်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က အမှာစကားပြော ကြားပြီး ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်နှင့် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဝင် ဦးအောင်မင်းတို့က ထောက်ပံ့ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ပဲခူးတိုင်းဒေသကြီး၊ ပြည် ခရိုင်နှင့်သာယာဝတီခရိုင်အတွင်းရှိ စေတနာ့ဝန်ထမ်း အဖွဲ့အစည်း(၁၁)ခုသို့ ထောက်ပံ့ငွေ ကျပ်  (၈၇၄ ဒသမ သိန်း၊ အသက်(၈၅)နှစ်နှင့် အထက် သက်ကြီးရွယ်အို (၁၅၇၁၄ဦး အတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေကျပ်  (၄၇၁၄ ဒသမ သိန်း၊ ထောက်ပံ့ငွေ စုစုပေါင်း ငွေကျပ် (၅၅၈၈ ဒသမ  သိန်း)ကို ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ် ရေးကောင်စီ အဖွဲ့ဝင်နှင့် တာဝန်ရှိသူများထံ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဝင် ဦးအောင်မင်း၊ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးသိန်းအောင်နှင့် တာဝန်ရှိသူများက ဘိုးဘွားရိပ်သာများ၊ ပရ ဟိတဂေဟာများနှင့် လူမှုရေးပင်စင်ထောက်ပံ့ငွေများကို သက်ဆိုင်ရာကိုယ်စားလှယ်များ ထံ ဆက်လက် ထောက်ပံ့ပေးအပ်ခဲ့ကြပြီး တက်ရောက်လာသူများကိုယ်စား သီရိခေတ္တရာ ဘိုးဘွားရိပ်သာဂေဟာ အုပ်ချုပ်ရေးမှူး ဦးတင်စော က ကျေးဇူးတင်စကားပြန်လည် ပြောကြာသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက တက်ရောက်လာသည့် ဘိုးဘွား များလက်ဝယ်အရောက် ထောက်ပံ့ငွေများ ပေးအပ်ကြသည်။

ယင်းနေက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပြည်မြို့၊ မြို့တော်ခန်းမ၌ ပြုလုပ်သည့် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်နှင့်သာယာဝတီခရိုင်အတွင်းရှိ ဝန်ကြီးဌာနမှ ဝန်ထမ်းများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယ ဝန်ကြီးတို့က အမှာစကားပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများသည် မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း(ဝက်ထီးကန်)သို့ ရောက်ရှိကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က စခန်းအခြေပြု မူးယစ်ဆေးဖြတ်ကုသရေးနှင့် ပြန်လည်ထူထောင်ရေး သင်တန်း အမှတ်စဉ်(/၂၀၂၁မှ သင်တန်းသားများ တာဝန်ရှိသူများအား တွေ့ဆုံအမှာစကား ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် သင်တန်းသားများ၏ နေထိုင်စားသောက်မှုအခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး  အဆိုပါစခန်း အတွင်း (၂၀၂၀-၂၀၂၁)ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် “Star Vigour Company Limited” တာဝန်ယူဆောက်လုပ်မည့် အလျား(၁၄၄)ပေ၊ အနံ ပေ(၄၀) အမြင့်(၂၄)ပေ ရှိ RCC ()ထပ် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ရန်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)