(၁၉) ကြိမ်မြောက် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး (အွန်လိုင်း)ကုန်စည်ပြပွဲ ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် တက်ရောက်အမှာစကားပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ကျင်းပပြုလုပ်သည့် အခမ်းအနားသည် မြန်မာ-တရုတ် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို ထင် ဟပ်စေသည့်အပြင် နှစ်နိုင်ငံကုန်သွယ်မှုတိုးမြှင့်ရေးအတွက်အရေးပါသည့် အခမ်းအနားဖြစ်ပါ ကြောင်း၊ နှစ်နိုင်ငံအကြား ကုန်သွယ်မှုမြှင့်တင်ရေးအတွက် အရည်အသွေးသတ်မှတ်ချက် စည်း မျဉ်းစည်းကမ်းများ၊ ကုန်သွယ်မှုလုပ်ထုံးလုပ်နည်းများကို အပြန်အလှန်အသိပေးခြင်း၊ သတင်း အချက်အလက်ဖလှယ်ခြင်းများ ဆောင်ရွက်ရန် အရေးကြီးပါကြောင်း၊ နယ်စပ်ဒေသတွင် တရားမဝင် ကုန်သွယ်မှုများပပျောက်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်နှင့် ကုန်စည်စီးဆင်းမှု ပိုမိုလွယ်ကူစွာ ဝင်ထွက်သွားလာနိုင်ရေးအတွက် နှစ်နိုင်ငံကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်း လိုပါကြောင်း၊ မြန်မာ-တရုတ် နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်ကို ဆောလျှင်စွာအတူ တကွ အကောင်အထည်ဖော်ရန်ကိုလည်း တိုက်တွန်းလိုပါကြောင်း၊ COVID–19 ကပ်ရောဂါကာလ တွင် လိုအပ်သည့်စည်းမျဉ်းစည်းကမ်းများကို သတ်မှတ်ရမည်ဖြစ်သော်လည်း ကုန်သွယ်မှုလုပ် ငန်းများလုပ်ကိုင်ရာတွင် အဆင်ပြေချောမွေ့မှုရှိစေရန်နှင့် အတားအဆီးမဖြစ်စေရန် သင့်တော် သည့်ဖြေလျှော့မှုများကို ဆောင်ရွက်ရန်လိုအပ်ပါကြောင်းပြောကြားသည်။
ဆက်လက်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ ပါတီကော်မတီအတွင်းရေးမှူး ကိုယ်စား ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး မစ္စတာ လျှိုဟုန်ကျန်းက မိန့်ခွန်းပြောကြားရာတွင် မြန်မာ-တရုတ်နှစ်နိုင်ငံသည် ပထဝီအနေအထားအရ ပြည်သူအချင်းချင်း ချစ်ခင်ရင်းနှီးကာ ယဉ်ကျေးမှုချင်းလည်းဆက်နွယ်နေပါကြောင်း၊ တရုတ်-မြန်မာနှစ်နိုင်ငံအကြား ကုန်သွယ်မှု လွယ်ကူ ချောမွေ့စေရေး၊ ငွေရေးကြေးရေးချိတ်ဆက်ရေးနှင့် ပြည်သူချင်းအပြန်အလှန်ပူးပေါင်း ဆောင်ရွက် မှုများ တိုးတက်လာပါကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ ရှီကျင့်ဖျင်၏ မြန်မာ နိုင်ငံခရီး စဉ်အတွင်း နှစ်နိုင်ငံမဟာဗျူဟာမြောက် ဆက်ဆံရေးတည်ထောင်ရန် သဘောတူညီခဲ့ပါ ကြောင်း၊ COVID–19 ကပ်ရောဂါကြောင့် တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးကို သက်ရောက်မှု များရှိခဲ့ပါကြောင်း၊ နယ်စပ်ကုန်စည်ပြပွဲသည် နှစ်နိုင်ငံနယ်စပ်နေပြည်သူများ၏ လူမှုဘဝမြှင့်တင် နိုင်ရန်နှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် အရေးပါသည့်အခန်းကဏ္ဍမှပါဝင်နေပါကြောင်း၊ တရုတ်-မြန်မာ နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်တည်ထောင်ရေး၊ တရုတ်-မြန်မာ စီးပွား ရေးစင်္ကြန်ပူးပေါင်းဆောင်ရွက်မှု၊ အသားစားနွားတင်ပို့ရေးလုပ်ငန်းများကို ဆက်လက် ပူးပေါင်း ဆောင်ရွက်လိုပါကြောင်းပြောကြားသည်။
ထို့နောက် (၁၉) ကြိမ်မြောက် မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေး (အွန်လိုင်း)ကုန်စည် ပြပွဲ ဖွင့်လှစ်ကြောင်း အခမ်းအနားမှူးက ကြေညာပြီး မြန်မာ-တရုတ်နှစ်နိုင်ငံ ယဉ်ကျေးမှု အကအဖွဲ့များက အကပဒေသာများဖြင့် ဖျော်ဖြေကြသည်။
မြန်မာ-တရုတ်နယ်စပ်ကုန်စည်ပြပွဲကို မြန်မာနိုင်ငံနှင့် တရုတ်အစိုးရတို့အကြား လက်မှတ် ရေးထိုးခဲ့သည့် နယ်စပ်ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးသဘောတူညီချက်များအရ မြန်မာ နိုင်ငံ(မူဆယ်)မြို့နှင့် တရုတ်နိုင်ငံ(ရွှေလီ)မြို့တို့တွင် အလှည့်ကျကျင်းပပြုလုပ်ခဲ့ရာ ယခု နှစ် (၁၉) ကြိမ်မြောက် ကုန်စည်ပြပွဲကို မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် မူဆယ်မြို့တွင် လက်ခံ ကျင်းပ ရမည်ဖြစ်သော်လည်း COVID–19 ကပ်ရောဂါကြောင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ Online Trade Fair အဖြစ် စီစဉ်ကျင်းပခြင်းဖြစ်သည်။
(အွန်လိုင်း) ကုန်စည်ပြပွဲတွင် ပြခန်းပေါင်း (၉၀) ခန့်ပါဝင်ပြသကြပြီး မြန်မာနိုင်ငံမှ စားသောက်ကုန်များ၊ လယ်ယာထွက်ကုန်များ၊ သစ်သီးဝလံများ၊ ရေထွက်ကုန်များ၊ ကျောက်မျက် ရတနာများ၊ အထည်အလိပ်များ၊ တိုင်းရင်းဆေးဝါးများနှင့် လူသုံးကုန်ပစ္စည်းများကိုလည်းကောင်း တရုတ်နိုင်ငံမှ စားသောက်ကုန်များ၊ ဓါတ်မြေဩဇာများ၊ လယ်ယာသုံးနှင့် လုပ်ငန်းသုံးစက်ပစ္စည်း များ၊ လျှပ်စစ်ပစ္စည်းများနှင့် ကျန်းမာရေးအသုံးအဆောင်များကို ပါဝင်ပြသကြမည်ဖြစ်သည်။
ကုန်စည်ပြပွဲကာလအတွင်း B2B Business Matching များ ကျင်းပပြုလုပ်ခြင်းနှင့် ဒီဇင်ဘာ ၁၆ ရက်တွင် Trade Financing and Border Trade Payment System Between Myanmar & China ဆွေးနွေးပွဲများ ပြုလုပ်မည်ဖြစ်ရာ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံမှ ကုန်သည် လုပ်ငန်းရှင်များ တက်ရောက်ကြမည်ဖြစ်သည်။
အဆိုပါကုန်စည်ပြပွဲနှင့် ဆွေးနွေးပွဲသို့ ပါဝင်တက်ရောက်လိုသော မြန်မာနိုင်ငံမှ ကုန်သည် လုပ်ငန်းရှင်များအနေဖြင့် www.myanmarexpopark.com တွင် Registration ပြုလုပ်၍ အခမဲ့ ဝင်ရောက်လေ့လာနိုင်မည်ဖြစ်သည်။
မြန်-တရုတ် နယ်စပ်ကုန်သွယ်ရေး(အွန်လိုင်း)ကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားသို့ မြန်မာ နိုင်ငံဘက်မှ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်း ဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ စီးပွားရေးသံမှူးများနှင့် မူဆယ်-နမ့်ခမ်း နယ်စပ်ကုန်သွယ်ရေး ကုန်သည်များအသင်းမှ တာဝန်ရှိသူ များက အွန်လိုင်းမှပါဝင်တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


