နေပြည်တော် ၂၉ ဇန်နဝါရီ
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည် ဂျပန်-မြန်မာ ချစ်ကြည်ရေးအသင်း၏ ဥက္ကဋ္ဌ Mr. Hideo Watanabe၊ ဂျပန်နိုင်ငံ Ministry of Economy, Trade and Industry (METI) မှ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. HaruSuko Endo နှင့် ရန်ကုန်မြို့ရှိ ဂျပန်နိုင်ငံသံရုံးမှ Minister of Embassy of Japan, Mr. Toru Maeda နှင့် အဖွဲ့အား ယနေ့နံနက် ၁၀ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာ - ဂျပန် နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ဆောင်ရွက်သွားရေး၊ သီလဝါအထူးစီးပွားရေးဇုန်တွင် ပိုမိုအဆင်ပြေချောမွေ့ သောရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင်ကောင်းများ ဆက်လက်ပုံဖော်တည်ဆောက်သွားရေးနှင့် အခြေခံအဆောက်အဦများအား အဆင့်မြှင့်တင်တည်ဆောက်သွားရေး၊ သီလဝါအထူးစီးပွားရေးဇုန်အတွင်း လျှပ်စစ်မီးနှင့် ရေကောင်းမွန်စွာရရှိနိုင်ရေးနှင့် အထူးစီးပွားရေးဇုန်အား အရှိန်အဟုန်ဖြင့် လုပ်ငန်းဆက်လက်လည်ပတ် ဆောင်ရွက်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြသည်။
(သတင်းစဉ်)