နေပြည်တော် ၃၀ ဇန်နဝါရီ 

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည် ကွမ်းလုံ၊ ဟော်ပန်၊ ချင်းရွှေဟော် ကုန်သည်အသင်း ဥက္ကဋ္ဌ ဒေါ်လွင်လွင်မာနှင့်အဖွဲ့အား ယနေ့နံနက် ၁၁ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။ 

 

တွေ့ဆုံစဉ် လယ်ယာထွက်ကုန်ပစ္စည်းများအား ချင်းရွှေဟော်နယ်စပ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချရာတွင် ကုန်ပစ္စည်းချင်း ဖလှယ်သည့်စနစ် အသုံးပြုနိုင်ရန်အတွက် သက်ဆိုင်ရာ လုပ်ငန်းစဉ်များနှင့် လုပ်ထုံးလုပ်နည်းများအား ချမှတ်ဆောင်ရွက်သွားနိုင်ရေး၊ နယ်စပ်ကုန်သွယ်မှု လွယ်ကူလျင်မြန် ချောမွေ့စေရေးနှင့် နယ်စပ်ကုန်သွယ်ရေးတွင် ကြုံတွေ့နေရသော အခက်အခဲများနှင့် တရားမဝင်ကုန်သွယ်မှုများအား အစိုးရနှင့် ပုဂ္ဂလိကပူးပေါင်း၍ ညှိနှိုင်းဖြေရှင်း ဆောင်ရွက်သွားရေး၊ နယ်စပ်ကုန်သွယ်ရေးတွင် အဓိကကျသော အခြေခံအဆောက်အဦများအား အဆင့်မြှင့်တင်နိုင်ရေး၊ တရုတ်နိုင်ငံသို့ ဆန်၊ ပြောင်း၊ သကြား တင်ပို့မှုတိုးမြှင့်နိုင်ရန်အတွက် နည်းလမ်းများ ရှာဖွေဆောင်ရွက်သွားရေးတို့ကို ဆွေးနွေးကြသည်။ 

 

(သတင်းစဉ်)