နေပြည်တော် ၇ အောက်တိုဘာ
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်သည် မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်း၏ဥက္ကဋ္ဌ ဦးမင်းခိုင်နှင့်အဖွဲ့အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်း ဖွဲ့စည်းထားရှိမှုနှင့်လုပ်ငန်း ဆောင်ရွက်နေမှုများ၊ ပြောင်းစိုက်ပျိုး ထုတ်လုပ်မှု တိုးမြှင့်နိုင်ရန်အတွက် Contract Firming ဖြင့် ဆောင်ရွက်နိုင်ရေးနှင့် နည်းပညာအကူအညီများရရှိရေး၊ ပြောင်းတင်ပို့မှု မြှင့်တင်နိုင်ရေးနှင့် စဉ်ဆက်မပြတ်ဈေးကွက်ရရှိရေး၊ ပြောင်းအပါအဝင် မြန်မာ့လယ်ယာထွက်ကုန်များ အရည်အသွေးစံချိန်စံညွှန်း ပြည့်မီစွာ တင်ပို့နိုင်ရေးများကို ဆွေးနွေးကြသည်။
သတင်းစဉ်


