နေပြည်တော် ၁၉ နိုဝင်ဘာ

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည် ယနေ့မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံ သံအမတ်ကြီး မစ္စတာ စကော့ မာစီရယ် နှင့်အဖွဲ့၊ ဂျာမနီနိုင်ငံသံရုံး၏ Head of Cooperation ဖြစ်သူ Mrs. Marianna Knirsch နှင့်အဖွဲ့တို့အား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဧည့်ခန်းမ() သီးခြားစီ လက်ခံတွေ့ဆုံခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံ သံအမတ်ကြီးနှင့်တွေ့ဆုံစဉ် မြန်မာ-အမေရိကန် နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ဆောင်ရွက်နိုင်ရေး၊ အမေရိကန်နိုင်ငံမှ လုပ်ငန်းရှင်များ မြန်မာနိုင်ငံသို့လာရောက်၍ ပိုမိုရင်းနှီးမြှုပ်နှံနိုင်ရေး၊ နိုင်ငံခြားဖြစ်အရက်များ မြန်မာနိုင်ငံသို့ တင်သွင်းခွင့်ပြုနိုင်ရေးကိစ္စနှင့် ဝက်သား၊ အာလူးနှင့် နှံစားပြောင်းတို့အပါအဝင် အမေရိကန်နိုင်ငံမှ လယ်ယာထွက်ကုန်ပစ္စည်းများ မြန်မာနိုင်ငံသို့ တင်သွင်းရာတွင် အဆင်ပြေချောအမွေ့စေရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

ဂျာမနီ နိုင်ငံသံရုံး၏ Head of Cooperation နှင့်တွေ့ဆုံစဉ် မြန်မာ-ဂျာမနီ နှစ်နိုင်ငံ ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ စဉ်ဆက်မပြတ် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ပူးပေါင်းဆောင်ရွက်သွားရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေးနှင့် သက်မွေးပညာရပ်များ လေ့ကျင့်သင်ကြားပေးနိုင်ရေး၊ မြန်မာ့လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လယ်ယာပို့ကုန် တိုးမြှင့်တင်ပို့နိုင်ရေးအတွက် နည်းပညာအကူအညီများ ပံ့ပိုးသွားရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

သတင်းစဉ်

 

ိ်တန