နေပြည်တော် ၉ စက်တင်ဘာ
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်သည် မြန်မာနိုင်ငံ ကော်ဖီအသင်းနာယက ဦးရဲမြင့် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲ ၃ နာရီခွဲတွင် နေပြည်တော်ရှိ ဝန်ကြီးရုံး ဧည့်ခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံမှထွက်ရှိသည့် ကော်ဖီများကို ဂျပန်နှင့် အင်္ဂလန်နိုင်ငံ ဈေးကွက်များသို့ တိုက်ရိုက်ချိတ်ဆက် တင်ပို့ရောင်းချနေမှု၊ ရှမ်းပြည်နယ် ရွာငံဒေသတွင် အဆင့်မြင့်ကော်ဖီများ ထုတ်လုပ်တင်ပို့နိုင်ရေး ဆောင်ရွက်နေမှု၊ ချင်းပြည်နယ်မှ စိုက်ပျိုးထွက်ရှိသည့် ကော်ဖီထွက်ကုန်များအား ဈေးကွက်ရှာဖွေတင်ပို့နိုင်ရေး ချိတ်ဆက်ဆောင်ရွက်နေမှုနှင့် မြန်မာ့ကော်ဖီစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချမှုကို အားပေးမြှင့်တင်သွားနိုင်ရေးဆိုင်ရာများကို ဆွေးနွေးကြသည်။
(သတင်းစဉ်)


